ဆော်ဒီလိဂ်တွင် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒို ဖွင့်ဟ

ဆော်ဒီလိဂ်တွင် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒို ဖွင့်ဟ
Photo : Facebook
Photo : Facebook
Published 6 February 2023

ဆော်ဒီလိဂ်ပြိုင်ပွဲတွင် ပထမဆုံးဂိုးကို ပယ်နယ်တီမှ သွင်းယူပြီးနောက် ယင်းဂိုးအတွက် ပျော်ရွှင်မိကြောင်း အယ်လ်နာဆာအသင်း၏ နာမည်ကြီးတိုက်စစ်မှူးဖြစ်သည့် စီရော်နယ်လ်ဒိုက သူ၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဆော်ဒီလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖာတာနှင့် အယ်လ်နာဆာအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဧည့်သည်အသင်းအတွက် သရေတစ်မှတ်ရရှိစေမည့် အဖိုးတန်ချေပဂိုးကို စီရော်နယ်လ်ဒိုက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် အိမ်ရှင်အယ်လ်ဖာတာအသင်းက မိနစ်(၉၀)ပြည့်ချိန်အထိ (၂-၁) ဂိုးဖြင့် ဦးဆောင်ထားနိုင်ပြီး အယ်လ်နာဆာအသင်းအတွက် ချေပဂိုးကို စီရော်နယ်လ်ဒိုက  (၉၀+ ၃)မိနစ်တွင် သွင်းယူပေးခဲ့သည်။

ယင်းဂိုးမှာ အယ်လ်နာဆာအသင်းအတွက် စီရော်နယ်လ်ဒို၏ ပထမဆုံးသွင်းဂိုး ဖြစ်ပြီး တတိယမြောက် ကစားခွင့်ရသည့်ပွဲတွင် ဂိုးစတင်သွင်းယူနိုင်ခြင်း ဖြစ်သည်။

"ဆော်ဒီလိဂ်မှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့လို့ ပျော်ပါတယ်။ အရမ်းခက်ခဲတဲ့ပွဲမှာ အရေးပါတဲ့သရေရလဒ်ရဖို့ တစ်သင်းလုံး အစွမ်းကုန်ကြိုးပမ်းခဲ့ကြပါတယ်" ဟု စီရော်နယ်လ်ဒိုက သူ၏လူမှုကွန်ရက်များတွင် ရေးသားခဲ့သည်။

၎င်းအနေဖြင့် အယ်လ်နာဆာအသင်း၌ ဘောလုံးသမိုင်းတွင် စံချိန်တင်လစာအဖြစ် တစ်နှစ်လျှင် ယူရိုသန်း (၂၀၀)အထိ ရရှိမည်ဖြစ်သလို၊ လက်မှတ်ထိုးကြေး ယူရိုသန်း(၁၀၀) ရရှိခဲ့သည်။

ဆော်ဒီပရိုလိဂ်သည် စီရော်နယ်လ်ဒို ရောက်လာပြီးနောက် လိဂ်ပြိုင်ပွဲ၏မီဒီယာမူပိုင်ခွင့် ရောင်းချမှုအတွက် IMG ကုမ္ပဏီကို ခန့်အပ်ထားပြီး ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ဂျာမနီအပါအဝင် နိုင်ငံပေါင်း(၃၆)နိုင်ငံ၌ ထုတ်လွှင့်ပြသရန် သဘောတူထားသည်။

Most Read

Most Recent