ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျပ် ၁၇၈၅ သန်းကျော်ရှိသည့် ဆန်၊ ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းတစ်ခုကို ရာနှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်ရန် အတည်ပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျပ် ၁၇၈၅ သန်းကျော်ရှိသည့် ဆန်၊ ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းတစ်ခုကို ရာနှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်ရန် အတည်ပြု
 ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-DICA)
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-DICA)
Published 22 January 2023

ဧရာဝတီတိုင်းဒေသကြီအတွင်း ကျပ် ၁၇၈၅ သန်းကျော်ရှိသည့် ဆန်၊ ပြောင်းကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း တစ် ခုကို ရာနှုန်းပြည့်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၁/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၁၉ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်၊ပြောင်းကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ကြောင်း၊ အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၁၇၈၅ ဒသမ၈၂၅ သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၉ ခု ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း၊ထို့ပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၏ တည်ဆောက်ရေးကာလတိုးမြှင့်ရေးကိစ္စအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉၁၀ ခုမှ ကျပ် ၂၃၃၄၃ ဘီလျံ ကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍမှ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိကဏ္ဍအလိုက် နိုင်ငံသားရင်း နှီးမြှုပ်နှံမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကျပ် ၅၁၇၄၈၁၈ ဒသမ ၆၀၈ သန်း၊ အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ကျပ် ၄၈၉၆၆၇၇ ဒသမ ၄၁၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ကျပ် ၃၇၆၉၃၄၁ ဒသမ ၅၅၄ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ၂၈၀၂၇၇၄ ဒသမ ၀၀၄ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၄၃၇၅၃၇ ဒသမ ၆၀၅ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၄၅၈၄၉၄ ဒသမ ၂၉၂သန်း၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၁၁၀၄၄၃၉ ဒသမ ၁၅၂သန်း၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ် ၈၉၉၈၂၈ ဒသမ ၉၀၀ သန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၄၃၅၆၅၉ ဒသမ ၉၁၉ သန်း၊ သတ္တုကဏ္ဍတွင် ကျပ် ၂၄၇၀၉၄ ဒသမ ၇၃၆ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၁၀၂၁၀၄ ဒသမ ၆၄၁ သန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၅၂၂၃ ဒသမ ၉၅၉ သန်း ဖြင့် စုစုပေါင်း ကျပ် ၂၃၃၄၃၉၉၄ ဒသမ ၉၅၉ သန်း ခွင့်ပြုပေးထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၁ ဘီလျံ ကျော်(၁၈၈၁၄၅၉ ဒသမ ၅၀ သန်း)၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁ ခုမှ ရင်းနှီးမြှုပ်နှံမှုကျပ် ၁၁၇၁ ဘီလျံကျော်(၁၁၇၁၈၀၃ ဒသမ ၈၁ သန်းကျော်) ခွင့်ပြုပေးခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍသည် စုစုပေါင်းနိုင်ငံသားရင်းနှီး မြှုပ်နှံမှုပမာဏ၏ ၈၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍမှ ၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍမှ ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်။

Most Read

Most Recent