မြဝတီမြို့ တောင်တန်းဘုန်းကြီးကျောင်းအနီး နေအိမ် ၁၃ လုံး မီးလောင်မှုတွင် အဘိုးအိုတစ်ဦးထပ်မံသေဆုံးပြီး သေဆုံးသူနှစ်ဦးထိရှိကြောင်း သိရ

မြဝတီမြို့ တောင်တန်းဘုန်းကြီးကျောင်းအနီး နေအိမ် ၁၃ လုံး မီးလောင်မှုတွင် အဘိုးအိုတစ်ဦးထပ်မံသေဆုံးပြီး သေဆုံးသူနှစ်ဦးထိရှိကြောင်း သိရ
Published 24 December 2022
ကိုရွှေသိန်း

မြဝတီမြို့တောင်တန်းဘုန်းကြီး ကျောင်း အနီး နေအိမ် ၁၃လုံးမီးလောင်မှုတွင် အဘိုး အိုတစ်ထပ်မံဦးသေဆုံးသွားခဲ့သည့်အတွက် သေဆုံးသူနှစ်ဦးထိ ရှိလာကြောင်းသိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၃) ရပ်ကွက်တောင်တန်းဘုန်းကြီးကျောင်း(အရှေ့ဘက်အရပ်)ပုလဲလမ်းသွယ် ၌ ဒီဇင်ဘာ ၂၂ရက် ညက နေအိမ် ၁၃ လုံး မီးလောင်ကျွမ်း မှု ဖြစ်စဉ်တွင် အဘွားအိုတစ်ဦး သာ ကနဦး သေဆုံးခဲ့သော်လည်း ဆေးကုသမှု ခံယူနေ သော သက်ရ၃ နှစ်အရွယ်အဘိုးအိုမှာ ဒီဇင် ဘာ ၂၃ ရက်ညနေ ၄ နာရီခန့်က ထပ်မံသေ ဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ကားများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာသော် လည်း လမ်းကျဉ်းခြင်းကြောင့် မီးငြိှမ်းသတ် ရာတွင် အခက်အခဲ ဖြစ်သည်ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ခြံပိုင်ရှင် ဒေါ်တင်ကြည်(ခေါ်)ဒေါ်မြလေး ပိုင် သိပ်မိုး ပျဉ်ကာ အငှားနေအိမ်အသေး ၁၃လုံး မီး လောင် ဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းခံရသော နေအိမ် တစ် လုံး၌ အသက် ၇၄ နှစ် အရွယ် လေထိဝေဒနာ ရှင် အဘွားအိုနှင့် အသက်ရ၃ နှစ်အရွယ် အဘိုးအိုတို့နေထိုင်လျက်ရှိပြီး အဘွားအိုမှာ မီးလောင်သေဆုံးခဲ့သလို  မီးလောင်ဒဏ်ရာ ရရှိခဲ့သူ အဘိုးအိုအား မြဝတီခရိုင်ပြည်သူ့ ဆေးရုံသို့ တင်ပို့ကုသခဲ့သော်လည်း ဒီဇင် ဘာ၂၃ရက် ညနေ ၄ နာရီခန့်က သေဆုံးသွား ခဲ့ခြင်းဖြစ်သည်။

မီးဘေးသင့် နေအိမ် ၁၃ လုံးအနက် လူ နေ အိမ်ထောင် စု ၁၂ စု ၊ ကျား၊မ ကလေး လူဦးရေ ၄၄ဦးအား အမှတ်၃ရပ်ကွက်၊ ပုည ဝဎန ဆွမ်းလောင်းဓမ္မာရုံ၌ စောင့်ရှောက် ထားသည်။

မြဝတီခရိုင် အုပ်ချုပ်ရေးပိုင်း၊ ရဲတပ် ဖွဲ့၊ ကြက်ခြေနီနှင့် အလှူရှင်စေတနာရှင် များက အဝတ်အထည်နှင့် စားသောက်ရေး အတွက် လှူဒါန်းခဲ့ကြကြောင်း၊  အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းကလည်း နေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent