မက်ဆီ၊ ဘာပေတို့နဲ့ ထွေရာလေးပါး

မက်ဆီ၊ ဘာပေတို့နဲ့ ထွေရာလေးပါး
Photos: AFP
Photos: AFP
Published 22 December 2022
Chan Myae

အသင်းပေါင်း (၃၂) သင်း၊ (၂၈) ရက်၊ (၆၄) ပွဲ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပြီ။ အကြာကြီး စောင့်ခဲ့ရပေမဲ့ ခဏလေး ကြည့်လိုက်ရသလိုပဲ။ ကိုယ်ကြိုက်တဲ့အသင်းကလည်း မပါတော့၊ ကမ္ဘာ့ဖလားကို သိပ်စိတ်မဝင်စားသလို ရှိခဲ့ပေမဲ့ နောက်ဆုံးတော့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ်မှာပဲ အာရုံတွေ တွယ်ငြိသွားခဲ့တယ်။ ပွဲတွေကလည်း တဖြည်းဖြည်း ကောင်းသထက် ကောင်းလာတယ်။ ကြည့်ရတာ အကြိတ်အနယ် ရှိလာတယ်။ အောက်အသင်းတွေက အသင်းကြီးတွေကို ဒုက္ခပေးလာတာကို မြင်လာရတော့ ပြိုင်ပွဲအပေါ် အားရကျေနပ်လာတယ်။ ကာတာက နာမည်ပျက်တွေရှိပေမဲ့ သူ့ဟာနဲ့သူတော့ ပြိုင်ပွဲကို အဆင်ပြေအောင် ကျင်းပသွားနိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း ကြီးကြီးမားမား ပြဿနာမပေါ်ဘဲ ပြီးဆုံးသွားခဲ့တယ်။

    နောက်ဆုံးမှာ လီယွန်နယ်နှစ်ဦး အောင်ပွဲခံတယ်လို့ပဲ ပြောရမယ်။ လီယွန်နယ်စကာလိုနီ နဲ့ လီယွန်နယ်မက်ဆီ။

 

Most Read

Most Recent