မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ခရေပင်လမ်းခွဲအနီး အငှားယာဉ်နှင့် YBS 42 ယာဉ်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ

မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ခရေပင်လမ်းခွဲအနီး အငှားယာဉ်နှင့် YBS 42 ယာဉ်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ
Photo - Leo Leo
Photo - Leo Leo
Published 8 December 2022

မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ခရေပင်လမ်းခွဲအနီး အငှားယာဉ်နှင့် YBS 42 ယာဉ်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိမှု ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၈ ရက် ၊ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ၊ ပြည်လမ်း ၊ ခရေပင်လမ်းခွဲအအနီးတွင် အငှားယာဉ်နှင့် YBS 42 တိုက်မိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။

"သုံးနာရီကျော်လောက်မှာ သတင်းရလို့ သွားတာပါ။YBS 42 ယာဉ်က သူ့လမ်းကြောင်းအတိုင်း မောင်းလာတာပါ။အငှားယာဉ်က ကွေ့လိုက်တဲ့အချိန်မှာ တိုက်မိတာပါ"ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အငှားယာဉ်ပေါ်မှ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အငှားယာဉ်မောင်းနှင့် အငှားယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"အသက် ၁၉ အရွယ်ကောင်မလေးသေဆုံးပါတယ်။အငှားယာဉ်မောင်းနဲ့ အငှားယာဉ်ပေါ်က အမျိုးသမီးတစ်ဦး ဒဏ်ရာရပါတယ်။အငှားယာဉ်မောင်းက ဒဏ်ရာရ ပြင်းပါတယ်။YBS ပေါ်ကတော့ ဒဏ်ရာရတာမရှိပါဘူး"ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

 

Most Read

Most Recent