၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၄၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၄၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 3 December 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၄၈ သန်းကျော် ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှဇွန်လအထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၄၈ ဒသမ ၁၅ သန်းတင်ပို့ထားသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧပြီမှဇွန်လအတွင်း တရုတ်သို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀၇၃ ဒသမ ၇၂ သန်း ရှိခဲ့သည်။ အဆိုပါပထမသုံးလပတ်နှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလထက် ပို့ကုန် ၁၁ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်း ဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ဒေါ်လာ ၉၄၄ ဒသမ ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ UK သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်း တင် ပို့ခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ  မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ ဘီ လျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်း ကုန်တင်သွင်းမှု တန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်း ထားသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များအပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှပို့ကုန်တင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၈ ဒသမ ၉ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက် အရသိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်းမြန်မာနိုင်ငံ၏ ပို့ကုန်အများဆုံး တင်ပို့ခဲ့သည့်နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ အမေရိကန်နှင့် ဂျာမနီတို့ဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ စုစုပေါင်းပို့ကုန်၏ ၂၂ ဒသမ ၇ ရာခိုင်နှုန်းတင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP နှင့် အခြားသောကုန်ပစ္စည်း များကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း များကို အဓိကတင်သွင်းလျက်ရှိသည်။

 

Most Read

Most Recent