အီကွေဒေါအသင်း၌ ကက်စတယ်လိုကစားခွင့်ရှိဟု CAS ဆုံးဖြတ်

အီကွေဒေါအသင်း၌ ကက်စတယ်လိုကစားခွင့်ရှိဟု CAS ဆုံးဖြတ်
Photo: Express Sports
Photo: Express Sports
Published 10 November 2022

နိုင်ငံတကာအားကစားခုံရုံး(CAS)က အီကွေဒေါအသင်းအတွက် နောက်ခံလူ ကက်စတယ်လို ကစားခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ချီလီနှင့် ပီရူးတို့က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် အီကွေဒေါအသင်းသည် ရွေးချယ်ခွင့်မရှိသည့် ကက်စတယ်လိုကို ကစားစေခဲ့သည်ဟုဆိုကာ CAS ထံ အယူခံဝင်ကာ အီကွေဒေါအား ကမ္ဘာ့ဖလားမှထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။

ယခုအခါ CAS က အီကွေဒေါ ပတ်စ်ပို့တ်ရှိသည့်အတွက် ကက်စတယ်လိုအနေဖြင့် အီကွေဒေါအသင်းတွင် ကစားခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

သို့သော် ကက်စတယ်လို၏ အချက်အလက် မှားယွင်းနေသည့်အတွက် အီကွေဒေါကို ပေါင်(၈၇၆၀၀) နှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် (၃)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent