BP(Border Pass) စာအုပ်ဖြင့် ထိုင်းမှတစ်ဆင့် မလေးရှားသွားရန် ကြိုးစားသည့် ကလေးငယ် သုံးဦးအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရ

BP(Border Pass) စာအုပ်ဖြင့် ထိုင်းမှတစ်ဆင့် မလေးရှားသွားရန် ကြိုးစားသည့် ကလေးငယ် သုံးဦးအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရ
Published 3 November 2022

BP(Border Pass)  စာအုပ်ဖြင့် မလေးရှားသွားရန်ကြိုးစားသည့် ကလေးငယ် သုံးဦး အပါအဝင် ၁၄ ဦးမှာ ထိုင်းရဲတပ်ဖွဲ့များ၏ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

  မြန်မာနိုင်ငံသားများမှာကော့သောင်း-ရနောင်းနယ်စပ်ဖြတ်ကျော်လည်ပတ်ခွင့်  BP စာအုပ်ဖြင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုမှတစ်ဆင့်မလေးရှားနိုင်ငံသို့သွားရောက်ရန် ကြိုးစားခြင်း ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို နိုဝင်ဘာ ၂ ရက်နေ့ညပိုင်းအချိန်တွင်ထိုင်း တောင်ပိုင်းသို့ကားတစ်စီးဖြင့် သွားရောက်နေစဉ်ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်းထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် နာခါမြို့နယ် ရှိ စစ်ဆေးရေးဂိတ်မှတာဝန်ရှိသူများမှာ ပစ် ကားတစ်စီးအား သံသယဖြစ်ဖွယ် တွေ့ရှိ သောကြောင့် နောက်ယောင်ခံလိုက်လံခဲ့ ကြောင်း သိရသည်။

အဆိုပါပစ်ကပ်ကားမှာနောက်ခန်းတွင် မိုးကာအပိုင်းဖြင့် ဖုံးအုပ်ထားပြီး ဖန်ငွားခရိုင် ဘက်သို့ဦးတည် မောင်းနှင်နေကြောင်း စစ်ဆေးရေးဂိတ်မှတာဝန်ရှိသူများ လိုက်လာသည်ကိုယာဉ်မောင်းမှသိရှိသွားကာ မောင်း နှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုင်းစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများက ဆက်လက်လိုက်လံဖမ်းဆီးရာ ပစ် ကပ်ကားမှာ နာခါမြို့နယ်လမ်းဆုံတစ်နေ ရာမှလမ်းသွယ်ထဲသို့ဝင်ရောက်ကာ ယာဉ် မောင်းလမ်းပြက ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများကပစ်ကပ်ကားအား သွားရောက် စစ်ဆေးရာ ကားပေါ်တွင် ကလေးငယ် သုံးဦးအပါအဝင် မြန်မာနိုင်ငံ သား အမျိုးသား ရှစ်ဦးနှင့်အမျိုးသမီး သုံး ဦး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မြန်မာနိုင်ငံသားများစစ်ဆေးမေးမြန်းရာထိုင်းနိုင်ငံ အတွင်းသို့  BP(Border Pass) စာအုပ်ဖြင့် ဝင်ရောက်လာကာ ထိုင်းတောင် ပိုင်းစူရတ်ဌာနီမှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရောက်ရန်ဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်ဟု သိရသည်။

ကော့သောင်း-ရနောင်းနယ် စပ်ဂိတ် မှ မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ် ကျော် လည်ပတ်ခွင့်စာအုပ်ဖြင့် ဝင်ရောက်ခွင့်ပြု ထားပြီး ထိုင်းနိုင်ငံဘက်တွင်စပေါ်ငွေအဖြစ် ဘတ် ၂၀၀၀ ပေးဆောင်ကာရနောင်းခရိုင် အတွင်းလည်ပတ်ခွင့်ရှိ ကြောင်း သိရသည်

ဇော်မိုးဦး (မြိတ်)

Most Read

Most Recent