■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 21 October 2022

ဒေါ့မွန် - စတုဂတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၀၀ နာရီ)

စတုဂတ်အသင်း ပြီးခဲ့တဲ့အပတ်ကမှ အခုရာသီ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တယ်။ စတုဂတ်တို့ ယုံကြည်မှုမြင့်တက်လာနိုင်ပေမဲ့ ပြိုင်ဘက်ကလည်း နိုင်ပွဲလိုအပ်နေတဲ့အနေအထားကို ထည့်တွက်ရမယ်။ ဒေါ့မွန်အသင်းမှာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေ များပြားပေမဲ့ ပုံမှန်ဂိုးသွင်းခြေရှိတဲ့ တိုက်စစ်ကစားသမားမျိုး မရှိသေးတာ ပြဿနာပါ။ ဒီပွဲတော့ ဒေါ့မွန် အနိုင်ကစားလိမ့်မယ်။

 

လေဗာကူဆင် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်အသင်း အလွန်ဆိုရဲ့ပွဲဦးထွက်မှာ အဖွင့်လှပြီးမှ နောက်(၂)ပွဲမှာ ဂိုးပြတ်ပြန်ရှုံးသွားတယ်။ ဒီတစ်ပွဲတော့ လေဗာကူဆင် နိုင်ပွဲပြန်ရဖို့များတယ်။

 

ဖရိုင်းဘတ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၀၀ နာရီ)

နှစ်သင်းစလုံး နောက်ဆုံးကစားတဲ့ပွဲမှာ ရှုံးပွဲပြန်တွေ့ထားတာတွေ့ရတယ်။ ရပ်တည်မှုကွာလို့ ဖရိုင်းဘတ်အသင်း နိုင်ပွဲ ပြန်ယူမယ်ထင်တယ်။

 

ဟော်ဖန်ဟင်မ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၀၀ နာရီ)

ဘွန်ဒစ်လီဂါပွဲတွေမှာ ဘိုင်ယန်မြူးနစ်အသင်း ပုံမှန်အနေအထား ပြန်ရောက်လာတာတွေ့ရတယ်။ အဝေးကွင်းနိုင်ပွဲပျောက်နေတာကို ဘိုင်ယန်တို့ အဆုံးသတ်ရမယ့်အချိန်လည်း ရောက်လာပြီ။ မူလာ ဒဏ်ရာရသွားချိန်မှာ နာဘရီကို တိုက်စစ်မှာ အထောင်ထားပြီး မာနေက သူ့စိတ်ကြိုက် ဘယ်တောင်ပံပြန်ရောက်သွားလို့ သွင်းဂိုးတွေ ပြန်ရလာတယ်။ ပြီးခဲ့တဲ့(၂) ရာသီမှာတော့ ဟော်ဖန်ဟင်မ်ကွင်းမှာ ဘိုင်ယန် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဟော်ဖန်ဟင်မ်အသင်း နိုင်ပွဲပြန်ရထားပေမဲ့ သိပ်တော့ယုံကြည်လို့ မရသေးပါဘူး။ ဘိုင်ယန်ကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

 

အော့စ်ဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၈:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက အခုပွဲပြီးရင် ရီးယဲလ်နဲ့ ချန်ပီယံလိဂ် ပွဲကျပ်ကစားရဖို့ရှိပြီး ဒီရာသီ ဘွန်ဒစ်လီဂါအဝေးကွင်းပွဲတွေမှာ လည်း နိုင်ပွဲလုံးဝမရှိသေးဘူး။ လိုက်ပ်ဇစ် ဂိုးပြတ်ဖို့မရှိလို့ အိမ်ရှင်ကို ပိုကြိုက်တယ်။

 

မိုချန်ဂလာဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၁၁:၀၀ နာရီ) 

ချန်ပီယံလိဂ်မှာ ဖရန့်ဖတ်အသင်းအတွက် နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ဖြစ်နေလို့ အိမ်ရှင်အဖို့ မျှော်လင့်ချက်ထားလို့ရတဲ့ အနေအထားပါပဲ။ မိုချန်ဂလာဘတ်ပဲ အနိုင်ရဖို့များတယ်။

Most Read

Most Recent