မန်စီးတီးတိုက်စစ်မှူး ဟော်လန်း၏ ဖခင်ဖြစ်သူက ပရိသတ်များအနေဖြင့် ပွဲတိုင်းတွင် ဟော်လန်း ဂိုးသွင်းမည်ဟု မျှော်လင့်မထားရန် သတိပေးခဲ့ကြောင်း သိရသည်။
ဟော်လန်းသည် မန်စီးတီးအသင်းအတွက် ဂိုးများ ဆက်တိုက်သွင်းယူပေးနေသော်လည်း ဂိုးမသွင်းနိုင်သည့်အခါ ဝေဖန်မှုများ မြင့်တက်လာလေ့ရှိသည့်အတွက် ၎င်း၏ ဖခင်က သတိပေးခဲ့ခြင်း ဖြစ်သည်။
"သူက ဒီရာသီကို အကောင်းဆုံးစတင်နေတာပါ။ ဒါပေမဲ့ တချို့နေ့တွေမှာ ဂိုးမသွင်းနိုင်တာမျိုး ရှိနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားဖို့ လိုပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။















