လာမည့်နွေတွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဂျော်ဂျင်ဟို စီစဉ်

လာမည့်နွေတွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဂျော်ဂျင်ဟို စီစဉ်
Photo: Getty Images
Photo: Getty Images
Published 14 October 2022

ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုသည် လာမည့် ၂၀၂၃ နွေရာသီတွင် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ရန်စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၃၀) အရွယ် အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုသည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်ဇန်နဝါရီတွင် နိုင်ငံခြားအသင်းများနှင့် အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးခွင့်ရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေက ချယ်လ်ဆီးမှ ခရစ္စတန်ဆင်နှင့် မားကို့စ်အလွန်ဆိုတို့ကို ခေါ်ယူထားသလို၊ ဂျော်ဂျင်ဟိုကိုလည်း ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent