သထုံမြို့နယ် ဒေးဗရိန်းကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ရေးမြို့နယ် ဘေးကလွဲကျေးရွာအနီးတွင်လည်း အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

သထုံမြို့နယ် ဒေးဗရိန်းကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ရေးမြို့နယ် ဘေးကလွဲကျေးရွာအနီးတွင်လည်း အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 30 September 2022
ဘိုဘိုမြင့်

သေနတ်ဖြင့်ပစ်သတ်ခံရသည့်ဒေးဗရိန်းကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-CJ)

စက်တင်ဘာ ၂၉ ရက်က မွန်ပြည်နယ် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာနေ ပြည်သူ့ စစ်ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ် ခံရပြီး ရေးမြို့နယ် ဘေးကလွဲကျေးရွာအနီး တွင်လည်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

သထုံမြို့နယ် ဒေးဗရိန်းကျေးရွာနေ ကျေးရွာပြည်သူ့စစ် ဒုတိယခေါင်းဆောင်ဖြစ် သူ ဦးစိုးဝင်း (၅၆ နှစ်) မှာ စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီခန့်က ၎င်းင်းကျေးရွာရှိ လက် ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အမည်မသိသေ နတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာ ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးစိုးဝင်းမှာ သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ ၌ပင် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

“ဦးစိုးဝင်းက ကျေးရွာပြည်သူ့စစ် ဒုတိ ယခေါင်းဆောင်တစ်ဦးပါ။ သူက လက်ဖက် ရည်ဆိုင်ထိုင်နေတဲ့အချိန်မှာ သေနတ်နဲ့ဦး ခေါင်းကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ သူ့မှာပါတဲ့ ခြောက်လုံးပြူးသေနတ်တစ်လက်၊ ကျည်ဆန်တွေနဲ့ စာရွက်စာတမ်းတွေကို သေ နတ်နဲ့ပစ်ခဲ့သူတွေက ယူဆောင်သွားကြတယ် လို့ သိရတယ်”ဟု ဒေသခံတစ်ဦး ကပြောကြား သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လုံ ခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေး ရှာဖွေခြင်းများလုပ်ဆောင်ခဲ့ကြောင်းနှင့် ဦး စိုးဝင်း၏ ရုပ်အလောင်းအား သထုံခရိုင်ပြည် သူ့ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ ကြောင်း အဆိုပါဒေသခံက ဆက်လက်ပြော ကြားသည်။

အလားတူ စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရေးမြို့နယ် သံဖြူဇရပ် - ရေး ကားလမ်း၊ ဘေးကလွဲကျေးရွာအဝင်လမ်းအ နီးတွင် အမျိုးသားတစ်ဦး ဦးခေါင်းအနောက် ဘက် ကျည်ထိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာနေ ဦးဝင်းခိုင်ဆို သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။

၎င်းက ဆက်လက်ပြီး “သူက သုံးဘီး ယာဉ်မောင်းတယ်။ အေးအေးဆေးဆေးနေ တတ်သူတစ်ယောက်လို့ သိထားပါတယ်။ သ ဘောလည်း ကောင်းပါတယ်။ ဘယ်သူတွေက ဘာကြောင့် သေနတ်နဲ့ပစ်သတ်သွားတာလဲ ဆိုတာကိုတော့ မသိဘူး”ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေ သည့် ဦးဝင်းခိုင်၏ ရုပ်အလောင်းအား ပရဟိ တလူမှုကူညီကယ်ဆယ်ရေးအသင်းက လမိုင်း မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent