ရုရှားကြောင့်ဖြစ်ရသည့် စွမ်းအင်အကျပ်အတည်းအတွက် ဥရောပစွမ်းအင်ဝန်ကြီးများ နည်းလမ်းရှာ

ရုရှားကြောင့်ဖြစ်ရသည့် စွမ်းအင်အကျပ်အတည်းအတွက် ဥရောပစွမ်းအင်ဝန်ကြီးများ နည်းလမ်းရှာ
စွမ်းအင်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသည့်  ဥရောပ ကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလေယန်ကို စက်တက်ဘာ ၇ ရက်ကတွေ့ရစဉ် (Photo : AFP)
စွမ်းအင်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသည့်  ဥရောပ ကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလေယန်ကို စက်တက်ဘာ ၇ ရက်ကတွေ့ရစဉ် (Photo : AFP)
Published 9 September 2022
Ref : AFP

လျှပ်စစ်ဓာတ်အားနှင့် အပူပေးစနစ်တို့အတွက် ကုန်ကျစရိတ်များကို ထိုးတက်သွားစေခဲ့သော ယူကရိန်းကို ရုရှား၏ ကျူးကျော်စစ်ကြောင့်ဖြစ်ရသည့် စွမ်းအင်ဂယက်ကို စုပေါင်းတုံ့ပြန်ရေးအတွက် စက်တင်ဘာ ၉ ရက်တွင် ဥရောပသမဂ္ဂ(အီးယူ) စွမ်းအင် ဝန်ကြီးများက ကြိုးပမ်းသွားမည်ဟု သိရသည်။

ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုက သဘာဝဓာတ်ငွေ့စျေးကို စံချိန်တင်မြင့်တက်စေခဲ့ရာ အီးယူစီးပွားရေးမှာ မရေမရာအနေအထားဖြစ်လာခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က စွမ်းအင်ပို့ဆောင်မှုကို အားလုံးဖြတ်တောက်ခြင်းရှိမရှိဆိုသည်ကို စောင့်ကြည့်ရမည့်အနေအထားဖြစ်စေခဲ့သည်။

စစ်ပွဲမတိုင်မီက အီးယူဓာတ်ငွေ့သွင်းကုန် ၄၀ ရာခိုင်နှုန်းသည် ရုရှားမှ လာခြင်းဖြစ်သည်။ အဆိုပါဓာတ်ငွေ့အများစုမှာ ဂျာမနီကို ပို့ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဥရောပသမဂ္ဂ၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော ဂျာမနီမှာ နေအိမ်များ၌ အပူပေးစက် အသုံးပြုနိုင်ရေးနှင့် စက်ရုံများကို ဓာတ်အားပေးနိုင်ရေးတို့အတွက် နည်းလမ်းသစ်များကို အပြင်းအထန် ရှာဖွေရသည့်အနေအထား ဖြစ်လာသည်။

အီးယူအမှုဆောင်အဖွဲ့ဖြစ်သော ဥရောပကော်မရှင်သည် ဝန်ထုပ်ဝန်ပိုး သက်သာစေရန် ပုံစံထုတ်ထားသော ရှုပ်ရှုပ်ထွေးထွေး အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားရေးအတွက် ဘရပ်ဆဲလ်အစည်းအဝေး၌ ဝန်ကြီးများကို မေးမြန်းမည်ဖြစ်သည်။

အဓိကဆောင်ရွက်မည့်အချက်မှာ ဓာတ်အားခများပေးရန် အခက်အခဲတွေ့နေရသော အိမ်ထောင်စုများနှင့် လုပ်ငန်းများ ကို ဓာတ်အားအစားထိုးပေးရန် နည်းလမ်းများရှာဖွေရေးနှင့် အလုပ်အကိုင် ဆက်လက်အဆင်ပြေနေစေရေးတို့ဖြစ်သည်ဟု သိရသည်။

အီးယူအမှုဆောင်အဖွဲ့သည် လျှပ်စစ်ဓာတ်အားစျေးများ မြင့်တက်လာခြင်းကြောင့် ရရှိလာသည့် ငွေအများအပြားကို ဓာတ်ငွေ့ဖြင့် ဓာတ်အားမထုတ်သော လုပ်ငန်းများဖြစ်သည့် နျူကလီးယားသုံးဓာတ်အားလုပ်ငန်းများ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားလုပ်ငန်းများက မျှဝေယူစေမည့် ယန္တရားတစ်ရပ်ကို အဆိုပြုရန် ရှိနေသည်။

ဥရောပတွင် ဓာတ်အားခ ပေါက်စျေးမှာ ဓာတ်ငွေ့စျေးနှင့် နီးကပ်စွာ ဆက်စပ်နေရာ ကုမ္ပဏီများမှာ ဓာတ်ငွေ့အခက်အခဲအတွက် ပေးချေရန် အကျပ်ရိုက်နေခိုက် ဓာတ်ငွေ့ဖြင့် ဓာတ်အားမထုတ်သော လုပ်ငန်းများမှာ ဝင်ငွေ ကောင်းနေသည်။

ရေနံကုမ္ပဏီများသည်လည်း မြင့်တက်နေသော စွမ်းအင်စျေးများကြောင့် ၎င်းတို့၏ များပြားလှသော အမြတ်ငွေများအပေါ် အခွန်စည်းကြပ်ခံကြရမည်ဖြစ်သည်။

“စစ်ပွဲအကြောင်းပြုပြီး အမြတ်ငွေအအများကြီးရနေကြတဲ့ စွမ်းအင်ကုမ္ပဏီတွေအပေါ် တစ်ပြေးတည်း အခွန်စည်းကြပ်တာနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာမရှိဘဲ ဆွေးနွေးတာမျိုး လုပ်ဖို့ လိုအပ်နေပါတယ်”ဟု ဆွေးနွေးပွဲမတိုင်မီ သြစတြီးယားစွမ်းအင်ဝန်ကြီး လီယိုနိုရီဂျီဝက်ဆလာက ပြောကြားခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရရှိထားသော နောက်ထပ် အဆိုပါပြုချက်တစ်ရပ်မှာ  ဘဏ္ဍာရေးစျေးကွက်များ၌ အသုံးစရိတ်ကို အဟန့်အတားလုပ်ရန် ရုန်းကန်နေရသော ဓာတ်အားကုမ္ပဏီများကို ကယ်တင်ရန် စိတ်ကူးဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ရန်အတွက် ကုမ္ပဏီများကို နိုင်ငံတော်ကကယ်ဆယ်ရေးနှင့်ပတ်သက်သည့် အီးယူစည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရမည်ဟုဆိုသည်။ ငွေကြေးခက်ခဲနေသော ကုမ္ပဏီများကိုကူညီရမည်ဟု သုံးသပ်သူများလည်းရှိသည်။             

Most Read

Most Recent