မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်မှု နည်းပါး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်မှု နည်းပါး
Published 8 September 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ စျေး သတ်မှတ်ထားပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ် ပြုလုပ်မှုနည်းပါးနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ  သိရှိရသည်။  

ငွေလဲ ကောင်တာအများစုတွင် ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ပြုလုပ်မှုရှိကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာက ပေါက်စျေးပေးဝယ်တာတောင် ဝယ်မရဘူး။  ငွေလဲကောင်တာတွေမှာ ကလေးကျောင်းလခပေးဖို့ဒေါ်လာလိုလို့သွားဝယ်တာ ပစ္စည်းပြတ်နေတယ်ပဲပြောတော့ ငွေလဲကောင်တာတွေမှာ ဒေါ်လာဝယ်ဖို့ကတော် တော်ခက်ခဲနေတယ်” ဟု ငွေလဲကောင်တာ တစ်ခုတွင် သွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြား သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၆၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၂၆၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၈၆၀ ကျပ်၊ ထိုင်းဘတ် ၉၈ ကျပ်၊ တရုတ်ယွမ် ၅၀၅  ကျပ်၊ ဂျပန်ယန်း ၂၇ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများမြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာနိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများ ဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့်  နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင် ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက် တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်းမြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့်အမေ ရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းင်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။

Most Read

Most Recent