၂၀၂၂ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ရှစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၄၁၀ ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ရှစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၄၁၀ ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့
Published 5 September 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ ရှစ်လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘောအစင်းရေ ၄၁၀ ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၀၆ စင်း ဝင်ရောက်ခဲ့သည်။ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာ တင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန် သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့သည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း စတင်ပြေးဆွဲခဲ့သည်။

ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း  ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Bigekananda Bhattamishra နှင့် တာဝန်ရှိသူများနှင့် ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ သြဂုတ် ၂၇ ရက်က တွေ့ဆုံခဲ့ရာတွင် အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT@Kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီစတင်လည်ပတ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းစတင်လည်ပတ်နိုင်ရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လက်ခံကြိုဆိုကြောင်း၊ လိုအပ်သည်များကို အချိန်မရွေးဆက်သွယ်စုံစမ်းလာပါက ကြိုဆိုလျက်ရှိကြောင်း အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent