ဗီယင်နာမြို့တွင် ကျင်းပသည့် (၅၅) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

ဗီယင်နာမြို့တွင် ကျင်းပသည့် (၅၅) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်
Published 4 September 2022

အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းသည် စက်တင်ဘာ ၂ ရက်တွင် ဗီယင်နာမြို့ရှိ Vienna International Centre

 ၌ ကျင်းပခဲ့သည့် (၅၅) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်  ၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါအခမ်းအနားတွင် United Nations Office in Vienna (UNOV) ညွှန်ကြားရေးမှူးချုပ်ကိုယ်စား Mr. Jean-Luc Lemahieu၊ Director of the Division for Policy Analysis and Public Affairs က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဗီယင်နာအခြေစိုက် အာဆီယံအဖွဲ့ရုံးများက အာဆီယံနိုင်ငံအလိုက် အမျိုးသားဝတ်စုံပြပွဲဖြင့် တင်ဆက်ခဲ့ပြီးနောက်၊ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားသို့ UNOV/UNODC၊ IAEA၊ UNIDO နှင့် CTBTO တို့မှ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၊ သြစတြီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံတကာရေးရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

အာဆီယံ-ဗီယင်နာကော်မတီကို အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် စင်ကာပူနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့ဖြင့် ဖွဲ့စည်းထားပြီး၊ မြန်မာသံရုံး/အဖွဲ့ရုံးအနေဖြင့် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ခြောက်လ တာဝန်ယူထားကြောင်းသိရသည်။

Most Read

Most Recent