JICA, Two Step Loan စီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တောင်သူ ၅၅၈၇ ဦးသို့ ချေးငွေကျပ် ၂၃၀ ဒသမ ၅၉၉ ဘီလျံထုတ်ချေးထား

JICA, Two Step Loan စီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တောင်သူ ၅၅၈၇ ဦးသို့ ချေးငွေကျပ် ၂၃၀ ဒသမ ၅၉၉ ဘီလျံထုတ်ချေးထား
လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့်  တောင်သူများကို တွေ့ရစဉ်
လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့်  တောင်သူများကို တွေ့ရစဉ်
Published 27 August 2022

JICA, Two Step Loan စီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တောင်သူ ၅၅၈၇ ဦးသို့ ချေးငွေကျပ် ၂၃၀ ဒသမ၅၉၉ ဘီလျံ ထုတ်ချေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦး မောင်မောင်ဝင်းက ပြောကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း JICA, Two Step Loan စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး(၂၃/၂၀၂၂)တွင် ဒုတိယဝန် ကြီးဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ ပေါင်းနှစ်(၄၀)သက်တမ်းရှိကြောင်း ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊အလုပ်ရုံများ တည်ဆောက်နိုင်ရန် အတိုးနှုန်းသက်သာသည့်ချေးငွေများကို  တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း       စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဆိုသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၅၈၇ ဦးသို့ ချေးငွေကျပ် ၂၃၀ ဒသမ ၅၉၉ ဘီလျံထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့ရောက်၍ အရစ်ကျပြန်ဆပ်သည့် ငွေများကို ချေးငွေရယူလိုသည့်တောင်သူအသစ်များသို့ စဉ်ဆက်မပြတ်ထုတ်ချေးလျက်ရှိကြောင်း၊ ချေးငွေအစီအစဉ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ဝင် ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring  ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည် နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ်ပူးပေါင်းဆောင်ရွက်သွားရန် စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်းက ဆိုသည်။

လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့်လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားခြေခံ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်း ကျပ်သိန်း ၇၀၀ ထိ ထုတ်ချေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း က ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ပြောကြားထားသည်။

Most Read

Most Recent