နမ့်ပန်ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းကို ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီများသို့ ကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံရန် တင်ဒါခေါ်ယူ

နမ့်ပန်ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းကို ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီများသို့ ကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံရန် တင်ဒါခေါ်ယူ
Published 23 August 2022

နမ့်ပန်ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းကို ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီများသို့ ကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တင်ဒါခေါ်ယူထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနသည် နမ့်ပန်ရေအားလျှပ်စစ်စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်းအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီများသို့ မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံလိုကြောင်း၊ တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များကို ရုံးအမှတ်(၂၇)၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ သုံးထပ်ဆောင်ရုံးသစ်၊ နေပြည်တော်၌ ရောင်းချမည်ဖြစ်ကြောင်းနှင့် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ်ငါးသိန်းဖြင့် ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၆၁၁၅ ဒသမ ၇၉ ဖြင့် အများဆုံးဖြစ်ကာ ရေအားမှကီလိုဝပ်နာရီသန်းပေါင်း ၄၇၉၅ ဒသမ  ၀၃ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budger) ဖြစ်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ မှ ၂၀၂၂ ခုနှစ် မတ်လအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၆၁၁၅ ဒသမ ၇၉၊ ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၄၇၉၅ ဒသမ ၀၃၊ ဆိုလာမှ ကီလိုဝပ်နာရီသန်းပေါင်း ၆၇ ဒသမ ၅၈၊ ဒီဇယ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၅၈ ဒသမ ၉၉ ဖြင့် စုစုပေါင်းကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၃၇ ဒသမ ၃၉ ထုတ်လုပ်ထားကြောင်း သိရသည်။

လအလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ကီလိုဝပ်နာရီသန်းပေါင်း ၂၁၁၆ ဒသမ ၈၄၊ နိုဝင်ဘာတွင် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၄၀ ဒသမ ၅၁၊ ဒီဇင်ဘာတွင် ကီလိုဝပ်နာရီသန်း ပေါင်း ၁၉၀၉ ဒသမ ၆၄၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၇၉၁ ဒသမ ၅၀၊ ဖေဖော်ဝါရီတွင် ကီလိုဝပ်နာရီ  သန်းပေါင်း ၁၅၃၈ ဒသမ ၈၇၊ မတ်လတွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၆၄၀ ဒသမ ၀၃  ထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

 

 

Most Read

Most Recent