မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းတွင် ဖော်ပြ

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းတွင် ဖော်ပြ
Published 21 July 2022

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထား သည်။

၂၀၂၂ ခုနှစ်တွင် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါမျှော်မှန်းချက်မှာ အားနည်းနေဆဲဖြစ်ပြီး ကြီးမားသော ထိခိုက်နိုင်ခြေဘေးအန္တရာယ်များ ရှိနေသေး ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြည် တွင်းနှင့် ပြည်ပဖိအားများကြောင့် ယခင်နှစ် တွင် သိသိသာသာကျုံ့သွားခဲ့ပြီးနောက် ပြန် လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိ သည်။

စီးပွားရေးပြန်လည်ဦးမော့လာမှု သိသိ သာသာမရှိသောကြောင့် ၂၀၂၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက် လက်နိမ့်ကျနေမည်ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေးဆောင်ရွက်ချက်များအား သိ သိသာသာအနှောင့်အယှက်ဖြစ်စေသည်။

 မြန်မာ့စီးပွားရေးသည် မနှစ်က ၁၈ ရာ ခိုင်နှုန်း ကျုံ့သွားပြီးနောက် ၂၀၂၂ ခုနှစ် စက် တင်ဘာလတွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ်တွင် သုံးရာခိုင်နှုန်းသို့ ရောက် လာမည်ဟု ခန့်မှန်းသည်။ အားနည်းသော စီးပွားရေးလုပ်ဆောင်မှုများက မြန်မာ့စီးပွား ရေးအနေဖြင့် ကျယ်ပြန့်လှသော အခက်အ ခဲအတားအဆီးများ ရင်ဆိုင်နေရကြောင်း ဖော်ပြနေသည်။ ယင်းတို့တွင် ယူကရိန်စစ် ပွဲဒ ရိုက်ခတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်ပသွင်းကုန်သွင်းအားစုများနှင့် အသုံးအ ဆောင်ပစ္စည်းများ စျေးမြင့်တက်လာခြင်း၊ ပြည်တွင်းပဋိပက္ခ ပိုမိုဆိုးရွားပြင်းထန် လာ ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ  ၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ ဆက်လက်တည်ရှိနေခြင်း တို့ ပါဝင်သည်။

လတ်တလောအတွင်း ထုတ်ပြန်သည့် မူဝါးအပြောင်းအလဲများကလည်း စီးပွားရေး လုပ်ငန်းများအား စိန်ခေါ်မှုများ ပိုမိုဖြစ်ပေါ် စေသည်။ ဝန်ပိစေသော ကုန်သွယ်လိုင်စင် ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေကြေးလဲ လှယ်မှုနှုန်း ကိန်းရှင်ထားမှုကို ဖျက်သိမ်း လိုက်ခြင်းနှင့် နိုင်ငံခြားငွေများကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟူ သော စည်းကမ်းသတ်မှတ်လိုက်ခြင်းတို့ကြောင့် အဓိက ပြည်ပသွင်းကုန်သွင်းအား စုများ နှောင့်နှေးပြတ်တောက်သွားစေကာ ပြည်ပပို့ကုန်သမားများအား အခက်အခဲ တွေ့စေခဲ့သည်။

လတ်တလောထုတ်ပြန်သော ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ ဖြေလျှော့ပေးမှုများအား တဖန်ပြန်လည်ရုပ်သိမ် းခြင်း စသဖြင့် မူဝါဒ ညွှန်ကြားချက်အသစ် အသစ်များ အလျင်အမြန်ချမှတ်နေခြင်းတို့ ကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် မရေရာမှုများ မြင့်တက်လာနေသည်။

“မြန်မာနိုင်ငံအနေနဲ့မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျု့ံမှုကို ရင်ဆိုင်ခဲ့ပြီး ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည်နာလန်ထူမှုမှာ များစွာ နောက်ကျနေတာကို လေ့လာ တွေ့ရှိရပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။

စီးပွားရေးကဏ္ဍတစ်ခုလုံးတွင် စိန်ခေါ် မှုများဖြင့် ပြည့်နှက်နေသော်လည်း ကဏ္ဍ အချို့တွင် လွန်ခဲ့သည့် ၁၂ လအတွင်း တည် ငြိမ်မှု လမ်းစပေါ်ရောက်ရှိ သို့မဟုတ် ပြန်လည်သက်ဝင်မှုရှိလာသည်ကို မြင်တွေ့ရ သည့်အတွက် ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှုသည် မပြောပလောက်သည့် အနည်းငယ်သောနှုန်းဖြင့် သွားနေသည်ဟု ခန့်မှန်းထားသည်။

“အခက်အခဲအတားအဆီးတွေ ကြီး မားနေတာကို တွေ့ရှိရပေမယ့် လွန်ခဲ့တဲ့ ၁၂ လအတွင်း နေရာအချို့မှာ စီးပွားရေးလုပ် ငန်းတွေ ပြန်လည်စတင်အသက်ဝင်လာတာကို ကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေး လုပ်ငန်းတွေရဲ့ ကြံ့ကြံ့ခံရှင်သန်ကျော်ဖြတ်နိုင်စွမ်းကို မြင်နိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်  ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွား ရေးပညာရှင် ကင်မ်အဒ်ဝဒ်က ပြောကြား သည်။

“ဒါပေမယ့် စက်မှုလုပ်ငန်းတွေက ပြည်တွင်းဝယ်လိုအားကို မှီခိုနေရတဲ့အတွက် အိမ်ထောင်စုဝင်ငွေလျော့ကျလာခြင်းနဲ့ ကုန် စျေးနှုန်းကြီးမြင့်လာခြင်းစတဲ့စိန်ခေါ်မှုတွေ ကို  ရင်ဆိုင်နေရတဲ့အပြင် စိုက်ပျိုးရေး ထုတ်ကုန်များမှာလည်း သွင်းအားစုစျေးနှုန်းများ သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ ဆက် လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတို့ရဲ့ဒဏ်ကို ခါး စည်းခံနေရဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆက် လက်ပြောကြားသည်။