အနှုတ်ရလဒ်ဆောင်ခဲ့တဲ့ ယူနိုက်တက်နဲ့ ပေါ့ဘာ ပေါင်းစည်းမှု (၂)

အနှုတ်ရလဒ်ဆောင်ခဲ့တဲ့ ယူနိုက်တက်နဲ့ ပေါ့ဘာ ပေါင်းစည်းမှု (၂)
Photos: Getty Images
Photos: Getty Images
Published 2 July 2022
အယ်နီညို

ပေါ့ဘာရဲ့ အသက်က (၂၉)နှစ်ပဲ ရှိပါသေးတယ်။ ဒဏ်ရာ ပြဿနာတွေသာ ကင်းစင်မယ်ဆို၊ ပြင်ပဖိအားတွေသာ လိုတာထက် ပိုမကဲဘူးဆိုရင် သူ့ဆီကနေ ထိပ်တန်းအဆင့်ခြေစွမ်းကို  အများကြီး မျှော်လင့်နိုင်သေးတယ်။ ဒါကြောင့်လည်း ဂျူဗင်တပ်စ်သာမက ဘာစီလိုနာ၊PSG ၊ မန်စီးတီး၊ ရီးယဲလ်တို့လို ထိပ်သီးအသင်းများစွာက သူ့ကို လိုချင်ခဲ့ကြတယ်။ အကောင်းဆုံးခြေစွမ်းကိုသာ တစ်သမတ်တည်း ထိန်းသိမ်းနိုင်မယ်ဆို ပေါ့ဘာက ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ် မရှိဘူး။ မန်စီးတီးက အသင်းရဲ့ လိုအပ်ချက်အရသာ ပေါ့ဘာကို အသည်းအသန် မကြိုးစားခဲ့တာပဲ ရှိတယ်။ ဂွါဒီယိုလာက ပေါ့ဘာကို ကစားသမားတစ်ယောက်အနေနဲ့ လေးစားမှုအပြည့်ရှိတယ်။ မန်ချက်စတာဒါဘီပွဲစဉ်တွေဆို ဂွါ ဒီယိုလာက ပေါ့ဘာနဲ့ စကားလက်ဆုံ ပြောလေ့ရှိပြီး ပေါ့ဘာကို လေးလေးစားစားဆက်ဆံတာကို တွေ့ရတယ်။ ဒီလို ဆက်ဆံရေးမျိုး မော်ရင်ဟိုနဲ့ ပေါ့ဘာကြားမှာ မမြင်ခဲ့ရဘူး။

 

Most Read

Most Recent