■ ဂိုးမက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းမှုကို ဂျရတ် လက်မလျှော့သေး     

■ ဂိုးမက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းမှုကို ဂျရတ် လက်မလျှော့သေး     
Photo: Getty Images
Photo: Getty Images
Published 1 July 2022

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်သည် လီဗာပူးလ်နောက်ခံလူ ဂိုးမက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းမှုကို လက်မလျှော့သေးကြောင်း သိရသည်။ 

ဂိုးမက်ဇ်သည် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်၏ အရန်ကစားသမားတစ်ဦးအဖြစ်သာ ရပ်တည်နေရသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း၌ ရွေးချယ်ခံရရန်အတွက် ပွဲကစားခွင့်ပိုမိုရရှိမည့်အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။ 

ထို့ကြောင့် ဂျရတ်က လီဗာပူးလ်အသင်းနှင့် သဘောတူညီမှုရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂိုးမက်ဇ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး အသင်းတွင် ဆက်နေမည်ဟု သတင်းထွက်နေသည်။ 

သို့သော် အက်စတွန်ဗီလာအသင်းသည် ၎င်းကို ပေါင် သန်း (၃၀) ဝန်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းကြောင့် လီဗာပူးလ်အသင်းက စဉ်းစားဖွယ်ရှိနေကြောင်းလည်း သိရသည်။ 

ဂိုးမက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက လီဗာပူးလ်အသင်းအတွက် (၂၁) ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။ 

Most Read

Most Recent