တောင်ငူမြို့တွင် စက်သုံးဆီ (ဆီပန့်) အရောင်းဆိုင်အချို့တွင် ဓာတ်ဆီဝယ်ယူ၍မရဘဲ လမ်းဘေးလက်လီ အရောင်းဆိုင်များ၌ စျေးနှုန်းကြီးမြင့်စွာဝယ်ယူနေရဟုဆို

တောင်ငူမြို့တွင် စက်သုံးဆီ (ဆီပန့်) အရောင်းဆိုင်အချို့တွင် ဓာတ်ဆီဝယ်ယူ၍မရဘဲ လမ်းဘေးလက်လီ အရောင်းဆိုင်များ၌ စျေးနှုန်းကြီးမြင့်စွာဝယ်ယူနေရဟုဆို
တောင်ငူမြို့ရှိ စက်သုံးဆီ (ဆီပန့်) အရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီရောင်းချနေသည်ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်
တောင်ငူမြို့ရှိ စက်သုံးဆီ (ဆီပန့်) အရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီရောင်းချနေသည်ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Published 28 June 2022
ဇော်ဝင်းချစ်(တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ စက် သုံးဆီ (ဆီပန့်) အရောင်းဆိုင်အချို့တွင် ဓာတ်ဆီများအား အချိန်ပြည့်ဝယ်ယူ၍မရဘဲ ပြတ် လပ်ကုန်သွားသော အခြေအနေများရှိနေပြီး လမ်းဘေးလက်လီ အရောင်းဆိုင်များတွင် ဓာတ် ဆီများကို စျေးနှုန်းကြီးမြင့်စွာ ပေးဝယ်နေရ ကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။

စက်သုံးဆီ (ဆီပန့်) ဆိုင်ကြီးအချို့တွင် ဓာတ်ဆီဝယ်ယူ၍မရသည့်အခြေအနေနှင့်ပတ်သက်ပြီး “မနေ့ (ဇွန် ၂၆) ကဆို နီလာရိုးမ ဆိုင်မှာ ညနေပိုင်းကတည်းက ဓာတ်ဆီကုန်ပြီ ဆိုပြီး ဝယ်မရခဲ့ဘူး။ ဒီနေ့ နေ့လယ်ပိုင်းမှာ တစ်ခါထပ်ပြီးသွားဝယ်တော့လည်း ဆီပန့်နား တောင်မရောက်သေးဘူး ဆီပန့်ကိုင်တဲ့ကောင် မလေးတွေ လက်ခါပြလို့ ဓာတ်ဆီကုန်နေတယ် ဆိုလို့ လှည့်ပြန်လာခဲ့ရတယ်။ အဲ့ဒါနဲ့ တခြား ရောင်းတဲ့ဆိုင်ကို ရှာဝယ်ပြီး ဆီထည့်ခဲ့ရတယ်”ဟု တောင်ငူမြို့ခံတစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားသည်။

တောင်ငူမြို့တွင် ဇွန် ၂၇ ရက်က စက်သုံး ဆီ (ဆီပန့်) ဆိုင်အချို့မှ ရောင်းချပေးသော စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၂၂၀ ဖြစ်ပြီး အချို့ဆိုင်များ၌ ကျပ်၂၃၅၀ ဖြင့် ရောင်းချပေးလျက်ရှိကာ တစ်ဆိုင်နှင့်တစ် ဆိုင်စျေးနှုန်းတူညီမှုမရှိကြောင်း၊ အဆင့်မြင့် ၉၅ စက်သုံးဆီမှာ ဆိုင်အချို့တွင်သာ ဝယ်ယူ ၍ရပြီး အချို့ဆိုင်များတွင် ရောင်းချပေးခြင်းမ ရှိသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စက်သုံးဆီအရောင်း ဆိုင်အချို့ စက်သုံံးဆီများ အချိန်ပြည့်ရောင်းချ ပေးခြင်းမရှိသဖြင့် စက်သုံးဆီဝယ်ယူရန် အ ခက်အခဲများရှိနေကာ လမ်းဘေးလက်လီအရောင်းဆိုင်အချို့တွင်သာ ဆီပန့်များမှ ရောင်း ချစျေးနှုန်းထက် ပိုမိုပေး၍ဝယ်ယူနေရခြင်းဖြစ် ကြောင်း သိရသည်။

လမ်းဘေးလက်လီအရောင်းဆိုင်တွင် စက်သုံးဆီစျေးနှုန်းကြီး၍ ပေးဝယ်ရသည့်အခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော့်ဆိုင်ကယ် ထဲ ဆီနည်းလို့ဆိုပြီး ကိုယ်နဲ့နီးတဲ့ ဆီဆိုင်ကြီး (ဆီပန့်) မှာ ဓာတ်ဆီသွားထည့်တာ။ ဓာတ်ဆီ ကုန်နေတယ်ဆိုလို့ မြို့ပြင်က ဆီဆိုင်ကို သွားဝယ် မယ်လုပ်တော့ လမ်းတစ်ဝက်မှာတင် ဆီကုန် ဆိုင်ကယ်ထိုးရပ်သွားတာ။ အဲ့ဒါ လမ်းဘေးမှာ လီတာပုလင်းအဖြူလေးတွေ၊ ရေသန့်ဘူးတွေ နဲ့ ရောင်းပေးနေတဲ့ ဆိုင်က ဓာတ်ဆီဝယ်ရတာ၊ လီတာဝက်တောင်မရှိဘူး ကျပ် ၁၅၀၀ ပေးပြီး ဝယ်ထည့်ခဲ့ရတယ်။ သူတို့ရောင်းတဲ့အနေအထားအရဆို တစ်လီတာကို ၃၀၀၀ လောက် ဖြစ်သွားတာပေါ့။ စျေးကြီးလို့ဆိုပြီး ဆီကမထည့်လို့လည်း မရတော့ဘူးလေ။ မထည့်ရင် ဆိုင်ကယ်က ဆီပန့်ဆိုင်ကြီးအထိရောက်ဖို့ တွန်းသွားရတော့မှာဆိုတော့ အဲ့ဒါနဲ့ မတတ်နိုင် တော့ပဲ ဝယ်ထည့်ခဲ့ရတယ်။ အခုဆို ဆီပန့်တွေ မှာသာ ဆီကလိုသလောက်သာမရောင်းပေး နိုင်ကြတာ။ လမ်းဘေးလက်လီဆိုင်တွေ ကွမ်း ယာဆိုင်တွေမှာတော့ ပုလင်းလေးတွေထောင် ပြီး ရောင်းနေကြတာ တွေ့တယ်။ သူတို့က ဆီပန့် ဆိုင်က ရောင်းစျေးထက် ပိုကြီးတယ်လေ” ဟု တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့တွင် ပြီးခဲ့သည့် မေလနောက် ဆုံးပတ်ဝန်းကျင်ကလည်း စက်သုံးဆီဝယ်ယူရန် ခက်ခဲသောအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဇွန်လအစောပိုင်း၌ စက်သုံးဆီအရောင်းဆိုင်များမှ ပုံမှန်ပြန်လည်ဝယ်ယူခွင့်ရခဲ့သည်။

ထိုသို့ဝယ်ယူရခဲ့သော်လည်း ယခု ဇွန်လကုန်ခါနီး နောက်ဆုံးပတ်အတွင်း၌ စက်သုံးဆီ (ဆီပန့်)အရောင်းဆိုင်ကြီးအချို့တွင် အချိန်ပြည့်ရောင်း ချပေးခြင်းမရှိဘဲ စက်သုံးဆီကုန်သွားသောအ ခြေအနေများကြောင့် စက်သုံးဆီဝယ်ယူရန်ခက်ခဲသောအခြေအနေများ ပြန်လည်ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်း စက်သုံးဆီဝယ်ယူရန်ခက်ခဲသော အခြေအနေ များဖြစ်ပေါ်ခဲ့ပြီးနောက် စက်သုံးဆီ (ဆီပန့်)အရောင်းဆိုင်ကြီးအချို့ ယာယီဆိုင်ပိတ်သည် အထိရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်သုံး ဆီ (ဆီပန့်) အရောင်းဆိုင်ကြီးများတွင် စက် သုံးဆီများ ပြတ်လပ်ခြင်းရှိနေသော်လည်း လမ်းဘေးတစ်နိုင်တစ်ပိုင် လက်လီအရောင်း ဆိုင်များ များပြားလာကာ လက်လီအရောင်း ဆိုင်များမှ ရောင်းချသောစျေးနှုန်းမှာ ပိုမိုကြီး မြင့်နေကြောင်း သိရသည်။

 

Most Read

Most Recent