ဦးဖြိုးဇေယျာ​သော်နှင့် ဦးဂျင်မီတို့၏ သေဒဏ်ကို အတည်ပြုခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဦးဖြိုးဇေယျာ​သော်နှင့် ဦးဂျင်မီတို့၏ သေဒဏ်ကို အတည်ပြုခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 16 June 2022

ဦးဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့၏ သေဒဏ်ကိုအတည်ပြုခြင်းသည် နိုင်ငံ​​တော် ၏ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် ခြင်းဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဇွန် ၁၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခေါ်)ဦးဂျင်မီတို့ကို သေဒဏ်ချမှတ်ထားခြင်းအ​​ပေါ် နိုင်ငံကာ၏ ပြစ်ဒဏ်ကို သက်ညှာပေးရန် ​​ရေးသားပေးပို့ နေခြင်းများနှင့်ပတ်သက်၍ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး မီဒီယာများမေးတဲ့ ဟာကိုလည်း ဘာကိစ္စတွေကြောင့် ဒီလိုလုပ် ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ပြောခဲ့ပြီးဖြစ် တယ်။ ဘယ်ပြစ်မှုတွေကျူးလွန်ခဲ့တဲ့ အတွက် ကြောင့်ဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ စုံစုံလင်လင်ပြောခဲ့ပြီးဖြစ်တယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တာ ဖြစ်ပါတယ်၊ တချို့ကိစ္စတွေ မှာတော့ တရားစီရင်ရေးစနစ်ပေါ့၊ တရား စီရင်ရေးစနစ်နဲ့ပတ်သက်ပြီးတစ်ချို့ကိစ္စ တွေ က တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းကလည်း ဆောင်ရွက် ရတာဖြစ်ပါတယ်။နိုင်ငံတိုင်းကလည်း ဆောင်ရွက်ရတဲ့ အခြေအနေမျိုးရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အထက်ပါကဲ့သို့ချမှတ်ထားသည် သေဒဏ်ပြစ်ဒဏ်နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင်လည်း သေဒဏ်မပေးသည့် နိုင်ငံ များ ရှိသကဲ့သို့ သေဒဏ်ပေးသည့်နိုင်ငံပေါင်း ၈၀ နီးပါရှိကြောင်းနှင့်သေဒဏ်အား ဆိုင်းငံ့ ထား၍ ပြစ်ဒဏ်မပေးသည့် နိုင်ငံများလည်း ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“တရားဥပဒေ စိုးမိုးရေးအရ လိုအပ်ရင် လိုအပ်သလိုလုပ်ရ တယ်လို့ထင်ပါတယ်။ တရားဥပဒေစိုးမိုးရေး ဆိုတဲ့နေရာမှာ ကျွန်တော်ပြောချင်တာက ဒီ သူတို့ကိုဆိုတာထက် ဒီပုဂ္ဂိုလ်တွေကို ရည် ညွန်းတယ်ဆိုတာထက် ကျွန်တော်တို့တရား ဥပဒေစိုးမိုးရေးကဏ္ဍမှာ နောင်မှာ အလားတူ ဖြစ်စဉ်မျိုးတွကို မလုပ်နိုင်အောင်၊ နောင်မှာ အလားတူဖြစ်စဉ်မျိုးတွေကို မလုပ်ရအောင် သူတို့ဘာပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ပြီး ဖြစ်တယ်။ သူတို့လက်ချက်ကြောင့်မလို့အနည်းဆုံး အပြစ်မဲ့ပြည်သူလူထုပဲပြောတာ၊ လုံခြုံရေးတပ် ဖွဲ့ဝင်တွေမပြောသေးဘူး၊ အပြစ်မဲ့ပြည် သူလူ ထုသူတို့ရဲ့အားပေးအားမြှောက်မှုကြောင့် အနည်းဆုံး (၅၀) ကျော်သေခဲ့ရပါတယ်။ အဲ တော့ ဒါကိုတရားမမျှတဘူးလို့ကျွန်တော် တို့ ဘာပြောမလဲ။ ဒီလိုပဲပြောချင်ပါတယ်” ဟု ပြောကြားသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန် ထားပြီး မြန်မာ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် အချုပ် အခြာအာဏာပိုင်နိုင်ငံတစ်ခုတွင် အချုပ် အခြာ၏ ပြယုဂ်များဖြစ်သည် တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောာကြားသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ဒီလိုလုပ် ဆောင်တဲ့အခါ သူ့ရဲ့လိုအပ်တဲ့အခါမှာ လို အပ်တဲ့ အချိန်အလျောက်လုပ်ဆောင်ရတာမျိုးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၂ ခုနှစ်  ဇွန် ၃ ရက်က ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီအပါအဝင် သေဒဏ်ချမှတ် ခံထားရသူလေးဦး၏ အယူခံတင်သွင်းခြင်း များကိုပယ်ချ၍ သေဒဏ်အားအတည်ပြု ခဲ့ ကြောင်း ဗိုလ်ချုပ်​​ဇော်မင်းထွန်းက ပြောကြား ထားသည်။

Most Read

Most Recent