နစကဥက္ကဋ္ဌနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နစကဥက္ကဋ္ဌနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 13 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေး နွေးခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ALP အ ဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး ဖိတ် ခေါ်ခဲ့ရာတွင် ပြည်ထောင်စုအကျိုး ဒေသ အကျိုးကို ဆောင်ရွက်လိုသည့် စိတ်ဆန္ဒဖြင့် လာရောက် ဆွေးနွေးမည်ဖြစ်ကြောင်းကို  ပထမဆုံး ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည့် အဖွဲ့ဖြစ်သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက် ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်မှုပုံစံများနှင့် အားသာချက်၊ အားနည်းချက်များ၊ ပြည်သူ လူထုလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေး တပ်မ တော်မှကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်း ပြည်၏ ပကတိအနေအထားနှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်း ဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင် ဖွယ်ရှိ သည်များစသည်တို့ကိုအသေးစိတ် အကြေအ လည် ဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA ရေးထိုးပြီးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်း ပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင် ကြည့်စေလိုပြီး လာရောက်ဆွေးနွေးလိုသည့် စိတ်ဆန္ဒရှိပါက ယခင်ဖိတ်ခေါ် ကမ်းလှမ်း ချက်များအတိုင်း  ထပ်မံဖိတ်ခေါ်သည့် အ ခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီ သည့်ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံး ဆောင် ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာ တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့် နည်း လမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်း ချမ်းသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး အားလုံးပါဝင်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည့်အခြေအနေများနှင့် ပတ်သက် ၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရှင်း လင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

ထို့အတူ ALP ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ယခုကဲ့သို့ တိုင်းပြည်နှင့် ပြည်သူတို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည် ကို ALP မှ ထောက်ခံကြိုဆိုသည့်အခြေအ နေများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးနှင့် ပတ်သက်၍ သ ဘောထားတူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသဖွံဖြိုးတိုးတက်ရေးဆိုင် ရာများကို တင်ပြခဲ့ကြောင်းသိရသည်။

ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်  ပတ်သက်၍ နှစ်ဖက်အမြင်များကို  အပြန် အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီအဖွဲ့ဝင်များ ဖြစ် သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ် ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့တက်ရောက်ပြီး  ALPဒုတိယဥက္ကဋ္ဌ နှင့် အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်များဖြစ်ကြသည့် ခိုင်စိုးမြနှင့် ခိုင်ပေါ်လင်း တို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ALPဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှဖွဲ့စည်းပေးထားသည့် ကောင်စီဝင် များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်           ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော် မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း  သိရသည်။

 

Most Read

Most Recent