YP ၊ တီကျစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဥပဒေအထက်မှာ ဘယ်သူရှိနေသလဲ

YP ၊ တီကျစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဥပဒေအထက်မှာ ဘယ်သူရှိနေသလဲ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်ဒေါ်လာခြောက်သိန်းနှင့် အကယ်ဒမီ ရွှေခုနစ်ပိဿာ ပေးခဲ့သည်ဟု ဦးဖြိုးမင်းသိန်း ထွက်ဆိုထားသည့် ဗီဒီယိုဖိုင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသသည့်ဓာတ်ပုံ (အပေါ်-ဝဲစွန်)၊ YP စက်သုံးဆီဆိုင်များနှင့်ပတ်သက်၍ EMG ၌ ဖော်ပြခဲ့သည့် သတင်းအချို့ကို တွေ့ရစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်ဒေါ်လာခြောက်သိန်းနှင့် အကယ်ဒမီ ရွှေခုနစ်ပိဿာ ပေးခဲ့သည်ဟု ဦးဖြိုးမင်းသိန်း ထွက်ဆိုထားသည့် ဗီဒီယိုဖိုင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသသည့်ဓာတ်ပုံ (အပေါ်-ဝဲစွန်)၊ YP စက်သုံးဆီဆိုင်များနှင့်ပတ်သက်၍ EMG ၌ ဖော်ပြခဲ့သည့် သတင်းအချို့ကို တွေ့ရစဉ်
Published 29 May 2022
သတင်းအယ်ဒီတာအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တက်လာပြီးနောက်တွင် ယခင် NLD ဗဟို အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူများသာမက ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူများမှာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် အရေးယူခံနေရသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်မှ အစပြု၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း  ဦးမျိုးအောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့် နိုင်အပါအဝင် NLD အစိုးရလက်ထက်တွင် ပထမဆုံးအရေးယူမှုဖြစ်သည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ နေရာတွင် အစားထိုးခန့်အပ်ခံရသည့် ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အဆုံး အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေအပါအဝင် အခြားဥပဒေများဖြင့်လည်း အရေးယူခံထားရသည်။

သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့မှာ လက်ရှိတွင် ထောင်ဒဏ်အသီးသီးချမှတ်ခံထားရပြီး ဆက်လက်ရင်ဆိုင်နေရသည့် အမှုများလည်းရှိသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုသည် ထောင်ဒဏ်အနှစ် ၂၀၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ်အနှစ် ၈၀၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် ထောင်ဒဏ်လေးနှစ်၊  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် ထောင်ဒဏ်နှစ်နှစ်၊  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် ထောင်ဒဏ် နှစ်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်သည် ထောင်ဒဏ် ၁၁ နှစ်၊  မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ထောင်ဒဏ်နှစ်နှစ်စသည်ဖြင့် ချမှတ်ခံထားရသည်။

ဒေါက်တာအောင်မိုးညိုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့် အမှုများအနက် အမှုခြောက်မှုဖြင့် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံရသည်။

ဒေါက်တာအောင်မိုးညိုနှင့်အတူ ဒီဇင် ဘာ ၃၀ ရက်တွင် အဂတိမှုဖြင့် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ ခင်မောင်အေးကို အဂတိအမှုနှစ်မှုဖြင့် ထောင်ဒဏ် ခြောက်နှစ်၊ ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို အဂတိအမှုလေးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဟောင်း ဦးမြင့်ဇော်ကို အဂတိအမှုတစ်မှုဖြင့်  ထောင်ဒဏ် သုံးနှစ်၊  တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာကို အဂတိအမှုနှစ်မှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရသည်။

အလားတူ ဒေါက်တာအောင်မိုးညိုကဲ့သို့ပင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည်လည်း ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ် မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများ ဖြင့်ထောင်ဒဏ် ၇၅ နှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှုစွဲချက်ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ  ၁၃၀ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ်အနှစ် ၈၀ ချမှတ်ခံထားရ သည်။

ဒေါ်နန်းခင်ထွေးမြင့်ကဲ့သို့ပင် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်သည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်အနှစ် ၉၀ နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်းထောင်ဒဏ် ၉၂ နှစ်ချမှတ်ခံထားရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်သည်လည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မနှင့် NLD ပါတီ၏ ဖေဖော်ဝါရီလအတွင်း ကြေညာချက်ကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံရပြီး  ဒီဇင်ဘာ ၈ ရက်တွင် ယင်းအမှုတစ်မှုစီအတွက် ထောင်ဒဏ်နှစ် နှစ်စီ စုစုပေါင်း ထောင်ဒဏ်လေးနှစ် ချမှတ်ခံရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး အဂတိဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် ထပ်မံတရားစွဲဆိုခံရသည်။

၎င်းတို့မှာလည်း ထပ်မံစွဲဆိုထားသည့်အမှုများကို အကျဉ်းထောင်များအတွင်းမှ ဆက်လက်ရင်ဆိုင်နေရပြီး အချို့အမှုများမှာ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးပေ။

အလားတူပြည်ထောင်စုဝန်ကြီးများမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခံရပြီး လက်ရှိတွင် အမှုရင်ဆိုင်နေရသူများရှိသကဲ့သို့ အချို့မှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် ကျပ်သိန်း ၂၅၀ ကျော်တန်ဖိုးရှိ ရွှေပန်းကန် တစ်ချပ်ကို လက်ခံရယူမှုနှင့် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်နှစ် စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ငွေကြေးနှင့်ပစ္စည်းများ လက်ခံရယူခဲ့သည်ဆိုသည့်စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုသုံးမှုဖွင့်လှစ်ကာ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ်ချ မှတ်ခံထားရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းသည် စားသုံးသူရေးရာဦးစီးဌာနပိုင် အထက်ပုဇွန်တောင်လမ်းပေါ်ရှိ  မြေဧက ၉ ဒသမ ၂၂၀ မြေနေရာကို ကုမ္ပဏီတစ်ခုသို့ ငှားရမ်းမှုနှင့် မြေငှားရမ်းမှုများတွင် ကုမ္ပဏီကပေးသွင်းရမည့် မြေအသုံးချပရီမီယံကြေးကို လျှော့ပေါ့ပေးသွင်းစေသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီး ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံထားရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့သည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၅ အရ အရေးယူခံထားရပြီး ၎င်းတို့အား အမှုဖွင့်လှစ်ခဲ့သည့်စွဲချက်များမှာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်း လုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီတစ်ခုက ဆောင်ရွက်ရာတွင် ပြီးစီးရမည့်ရက်ကို ထပ်မံ တိုးမြှင့်ပေးခဲ့သဖြင့် ဘဏ္ဍာငွေများနစ်နာခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲ သည့် CGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ကျပ်ခြောက်ဘီလျံကျော်အား ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဌာနဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့သည့်ကိစ္စရပ်များဖြင့်ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် မင်းကင်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လမ်းနှင့် တံတားများအား ၎င်းသည်၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့် အချိန်တွင် လူထုထောက်ခံမှုရရှိစေရန်အတွက် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန  ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေမှ အသုံးပြုခဲ့ခြင်း၊ မင်းကင်းမြို့နယ်သို့ သွားရောက်သည့် ခရီးစဉ်များတွင် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းသည့် အလှူငွေများနှင့် ဆန်အိတ်များကို ဝန်ကြီးဌာနဝန်ထမ်းများက စီစဉ်ပေးပြီး တန်ဖိုးငွေပေးချေမှုမရှိခြင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ကုမ္ပဏီများထံမှ အလှူငွေလက်ခံ ရယူခြင်း စသည်တို့ကြောင့် အဂတိဖြစ်ပေါ်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရသည်။

NLD အစိုးရ လက်ထက်တွင် စက်သုံးဆီကုမ္ပဏီတစ်ခုဖြစ်သည့် YP ကို ကာလပေါက်ဈေးထက် လျှော့ချကာ မြေနေရာများ ငှားရမ်းခွင့် ပြုသဖြင့် ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ယင်းသို့ မြေနေရာချထားပေးရာတွင် မူလတန်ဖိုးထက် များစွာ လျော့နည်းခဲ့သည်။ စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချရန် နိုင်ငံပိုင်မြေနေရာကောင်းများစွာကို ပေါက်ဈေးထက် အဆမတန် နည်းပါးသည့်ဈေးနှင့် ရောင်းချပေးရာတွင် ဆီဆိုင် ၁၀ ဆိုင်ခန့် တစ်ပြိုင်နက် ဖွင့်နိုင်သည့် မြေနေရာများလည်း ပါဝင်ခဲ့ ...

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ဖွင့်လှစ်ထားသော YP စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

တီကျစ်ကျောက်မီးသွေးအမှု

လတ်တလောတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး တရားစွဲဆိုခံရဖြစ်စဉ်မှာ တီကျစ်ကျောက်မီးသွေးတွင်းအတွက် အဂတိလိုက်စားမှုဖြစ်သည်။ တရားစွဲဆိုခံရသည့် ပြည်ထောင်စုဝန်ကြီးမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့ ဖြစ်သည်။ ၎င်းတို့အပြင် ဦးဆောင်ညွန်ကြားရေးမှူးဟောင်းများအပါအဝင် မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးချစ်ခိုင်နှင့် ၎င်း၏သား ဖြစ်သူပါ အဂတိမှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ သည် တီကျစ်ကျောက်မီးသွေးအကြီးစားထုတ်လုပ်မှုအပေါ် နိုင်ငံတော်မှ ရာခိုင်နှုန်း ၃၀၊ ပုဂ္ဂလိကမှ ရာခိုင်နှုန်း ၇၀ ဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ပေးသွင်းသည့် ဓာတ်သတ္တုခွန် နှစ် ရာခိုင်နှုန်းအား ဓာတ်သတ္တုများ ရောင်းချသည့်အခါ ပြောင်းလဲလာသည့် နှစ်အလိုက် သတ်မှတ်ထားသည့် ဓာတ်သတ္တုထုတ်လုပ်မှု တစ်တန်ရောင်းစျေး (၂၀၁၈-၂၀၁၉ ခုနှစ်တွင် တစ်တန်လျှင် ၄၈,၁၀၀ ကျပ်၊ ၂၀၁၉-၂၀၂၂ ခုနှစ်အထိ တစ်တန်လျှင် ၅၆,၅၀၀ ကျပ်) အပေါ် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေး ထုတ်လုပ်မှု တစ်တန်ရောင်းစျေး ၁၂,၀၀၀ ကျပ်နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့သောကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ နှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီး သွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နှင့် နိုင်ငံတော်မှရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄,၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉ဝဝကျော် နစ်နာမှု ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ စာချုပ်ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးပြီး လုပ်ငန်းအကောင်အထည်ဖော်မှုများအပေါ် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်းနှင့် နိုင်ငံတော်နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း အရေးယူထားသည်။

ထို့ပြင် သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တစ်တန်စျေးနှုန်း တွက်ချက်သတ်မှတ်ရာ၌ ထုတ်လုပ်မှုပမာဏကို စာချုပ်ပါ တစ်ရက် ပုံမှန်ထုတ်လုပ်ပေးသွင်းနိုင်စွမ်း ရှိသည့်  တန်ချိန် ၂,၀၀၀ ဖြင့် လျာထားတွက်ချက်မှု မပြုဘဲ တစ်ရက် တန်ချိန် ၁,၇၅၀ ဖြင့် ထုတ်လုပ်မှု လျော့နည်းတွက်ချက်၍ တစ်တန်စျေး နှုန်းတိုးမြှင့်တင်ပြခဲ့ခြင်းကြောင့် တစ်တန်လျှင် ငွေ ၅ç၈၀၉ ဒသမ ၁၂ ကျပ်နှုန်း ပိုမိုကုန်ကျခဲ့၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနမှဝယ်ယူခဲ့သည့် တန်ချိန် ၁၄ သိန်းကျော် အတွက် ကျပ် ၈,၂၀၀ သန်းကျော်နှင့် တစ်တန် စျေးနှုန်းတွင် ကုမ္ပဏီမှပေးဆောင်ရမည့် ဝင်ငွေခွန်ကို ထည့်သွင်းတွက်ချက်ပေးခဲ့သဖြင့် ဝင်ငွေခွန် ငွေကျပ်သန်း ၁ç၂၀၀ ကျော်၊ စုစုပေါင်း ကျပ်သန်း ၉,၄၀၀ ကျော် နိုင်ငံတော် မှ နစ်နာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လိုက်နာအကောင်အထည်ဖော်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် နိုင်ငံတော် နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅/၆၃ အရ အမှုဖွင့် အရေးယူထားသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်ခဲ့သည်။

YP စက်သုံးဆီဆိုင်ဂယက်ကြောင့် ဘယ်သူတွေ တရားစွဲခံရသလဲ

ယခင် NLD အစိုးရလက်ထက်တွင် စက်သုံးဆီကုမ္ပဏီတစ်ခုဖြစ်သည့် YP ကို ကာလပေါက်စျေးထက် လျှော့ချကာ မြေနေရာများ ငှားရမ်းခွင့်ပြုသဖြင့် ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ယင်းသို့ မြေနေရာချထားပေးရာတွင် မူလတန်ဖိုးထက် များစွာလျော့နည်းခဲ့သည်။ စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချရန် နိုင်ငံပိုင်မြေနေရာကောင်းများစွာကို ပေါက်စျေးထက် အဆမတန်နည်းပါးသည့်စျေးနှင့် ရောင်းချပေးရာတွင် ဆီဆိုင် ၁၀ ဆိုင်ခန့် တစ်ပြိုင်နက် ဖွင့်နိုင်သည့် မြေနေရာများလည်း ပါဝင်ခဲ့သည်။

Yangon Petrol ကုမ္ပဏီက နိုင်ငံပိုင်မြေ ၂၆ ကွက်ကို တည်နေရာ၊ အကျယ်အဝန်း အတိအကျနှင့် တစ်ပေပတ်လည် ကျပ် ၂၀၀၀ အမည်ပေါက် ဝယ်ယူခွင့်ရရှိရန် သက်ဆိုင်သည့် အစိုးရအဖွဲ့ကို လျှောက်ထားခဲ့သည်ကိုတွေ့ရပြီး ယင်းသို့လျှောက်ထားသည့် မြေကွက် ၂၆ ကွက်စလုံးကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ ဖြင့် ဝယ်ယူခွင့် ပေးလိုက်ခဲ့ခြင်းဖြစ်သည်။

YP စက်သုံးဆီဆိုင်များတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်းမရှိကြောင်း ယခင်ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက YRTA နှစ်နှစ်ပြည့်ပွဲမှာ “ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့်မရှိသလဲဆိုရင် လွှတ်တော်ဘက်ကနေ ရင်းနှီးမြှုပ်နှံဖို့ငွေမပေးရင် ကျွန်တော်တို့တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံလို့မပြုနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကနေ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ့် စက်သုံးဆီစျေး ကျဆင်းရေးအတွက် ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို ကွပ်ကဲပံ့ပိုးကူညီပေးနိုင်ပါတယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ရောင်းဝယ်နိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာတွင်လည်း “Yangon Petrol ဆိုင်မှာ အစိုးရက မြှုပ်နှံငွေ ထည့်ဝင်ထားမှုမရှိဘူး။ အရင်အစိုးရလက်ထက်ကလို စက်သုံးဆီစျေးနှုန်းချိုသာဖို့ ပေါက်စျေးထက် ၁၀ ဆလောက်အထိ လျှော့ချပြီး ရောင်းချပေးပေမဲ့ စက်သုံးဆီတွေမှာ စျေးတက်ရင် ချက်ချင်းတက်ပြီး စျေးကျရင် လိုက်မချဘူးဆိုပြီး ဦးဖြိုးမင်းသိန်းက ဆိုခဲ့ပါတယ်။

ဒါပေမဲ့ Yangon Petrol ဆိုင်အသစ်တွေအတွက် အထူးအခွင့်အရေးပေးမထားနိုင်ဘူး လို့ ပြောကြားမှုမှာတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ပထမဆုံးအချက်က စက်သုံးဆီ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုရင် အမြန်ဆုံးတောင်မှ တစ်နှစ်လောက်ကြာအောင် စိစစ်ပါတယ်။ ဒီလိုစိစစ်ခံရတဲ့ Process မျိုး YP မှာ မမြင်ခဲ့ရသလို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ ပြောကြားချက်အရ YP ဆီဆိုင်တွေဟာ အချိန်ခြောက်လလောက် အတွင်းမှာ မြေနေရာတွေလျှောက်၊ ဆီဆိုင် အသစ်တွေဆောက်ပြီး ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒုတိယ အချက်ကတော့ အချက်အချာကျတဲ့ နေရာကောင်းတွေက ကျယ်ဝန်းလှတဲ့ နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးမှုပါပဲ။ ဒီလိုအခြေအနေမျိုးဟာ အထူးအခွင့်အရေးတွေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Yangon Petrol ဆီဆိုင်မှာဆိုရင်  MD အဖြစ် အရင်ရန်ကုန်တိုင်းစက်သုံးဆီရောင်းဝယ်ရေးအရာရှိဖြစ်ခဲ့တဲ့ ဦးတင်နိုင်စိုးက MD အဖြစ်တာဝန်ယူပြီး ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့က ဒါရိုက်တာအဖြစ် ပါဝင်တာဝန်ယူပါတယ်။  ဦးတင်နိုင်စိုးဟာ တပ်မတော် အရာရှိဟောင်းလို့သိပြီး သူဟာ DSA အပတ် စဉ် (၃၀) ဆင်း တစ်ယောက်လို့ ကြားသိရပါတယ်။

ဒီနေရာမှာ ထူးခြားတာတစ်ခုက ဦးတင်နိုင်စိုးကလွဲရင် ကျန်တဲ့ ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့ ငါးဦးစလုံးဟာ PT Power ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်နေတာကို တွေ့ရပါတယ်။ PT Power စက်သုံးဆီဆိုင်နဲ့ BOC စက်သုံးဆီဆိုင်တွေရဲ့ ပိုင်ရှင်တွေဟာ ဘယ်လိုကြောင့် နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့်တွေ ရရှိနိုင်ခဲ့သလဲဆိုတာနဲ့ နိုင်ငံ့အတွက် ဘယ်လိုအကျိုးပြုမှုတွေ ပြန်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်သလို နိုင်ငံကပြန်ရမယ့်  အကျိုးရလဒ်တွေက အရင်နိုင်ငံပိုင် စက်သုံးဆီ ဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပေးခဲ့သလိုမျိုး ပြန်ဖြစ်သွားစေနိုင်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်”ဟု ဖော်ပြခဲ့သည်။

ဒီလို ပြောကြားမုတွေနဲ့ ပတ်သက်ပြီး  The Daily Eleven သတင်းစာက စုံစမ်းရာမာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးလိုက်တဲ့ နိုင်ငံပိုင်မြေကွက်တွေကို Yangon Petro ကုမ္ပဏီက ဂရန်အမည်ပေါက် ဖောက် ထားပြီး ဖြစ်တယ်လို့သိရပြီး ကုမ္ပဏီ အမည်ပေါက်နဲ့လား။ လူနာမည်နဲ့လား ဆိုတာကို Yangon Petro ကုမ္ပဏီဘက်ကို The Daily Eleven သတင်းစာက မေးခွန်းပေးပို့ခဲ့ပေမယ့် ပြန်လည်ဖြေကြားလာခြင်း မရိပေ။

သို့သော် အဂတိလိုက်စားမုတိုက်ဖျက်ရေးကော်မရင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နင့် စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ၏ အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်ဖွင့်လစ်ရန် ဆောင်ရွက်ခဲ့ရာတွင် နစ်နာမုများ ရိသဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ် တောနင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမူးဟောင်း ဒေါ်လိုင်မော်ဦးနင့် တွဲဖက် အတွင်းရေးမူးဟောင်း ဦးသန်းတို့အား အဂတိလိုက်စားမု တိုက်ဖျက်ရေး ဥပဒေဖြင့် အမုဖွင့်ထားသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

ကော်မရင်၏ ကြေညာချက်တွင် YP စက်သုံးဆီဆိုင်မြေနေရာများဟု ဖော်ပြထားခြင်းမရိသော်လည်း Weekly Eleven ဂျာနယ် ၏ စုံစမ်းချက်အရ အမုမာ YP စက်သုံးဆီဆိုင် မြေနေရာများဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့နင့် အကျိုးတူ ဆောင်ရွက်ခဲ့သော ဖက်စပ်ကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လစ်နိုင်ရန် ဒဂုံမြို့သစ်မြို့နယ်အတွင်းရိ မြေကွက် နစ်ကွက် ငါးဧကကျော်အား ၂၀၁၈ ခုနစ်နင့် ၂၀၁၉ ခုနစ်တို့တွင် နစ် ၆၀ မြေငားစာချုပ်ဂရန် ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မတ်ဈေးနုန်း တစ်စတုရန်းပေလျင် ကျပ် ၂၀၀၀၀ ခန့် နုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျင် ၂၀၀၀ ကျပ်နုန်း ဖြင့် ပေးသွင်းစေခဲ့သဖြင့် ကျပ် သန်း ၄၂၀၀ ကျော် နစ်နာဆုံးရုံးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးဟံထွန်း၊ မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနင့် တွဲဖက်အတွင်းရေးမူးဟောင်း ဦးသန်း တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နင့်  စီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ၏အမည်ဖြင့် စက်သုံးဆီ အရောင်းဆိုင်ဖွင့်လစ်ရန် ဒဂုံမြို့သစ်မြို့နယ်အတွင်းရိ မြေဧရိယာ ၆၃ ဧကကျော်ကို ၂၀၁၉ ခုနစ်အတွင်း နစ် ၆၀ မြေငားဂရန် ထုတ်ပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏သတ်မတ်ဈေးနုန်း တစ်ဧကလျင် ကျပ် သိန်း ၁၀၀၀ နုန်းဖြင့် တွက်ချက်ခြင်းမပြုဘဲ တစ်စတုရန်းပေလျင် ၂၀၀၀ ကျပ်နုန်းဖြင့် ပေးသွင်းစေခဲ့သဖြင့် ကျပ်သန်း ၈၀၀ ကျော် နစ်နာခဲ့ကြောင်း၊ ထို့ပြင် ၎းဖက်စပ် ကုမ္ပဏီ ပိုင်မြေအား ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အမည်ဖြင့် ဂရန်ပြောင်းလဲပေးရန် ခွင့်ပြုခဲ့ပြီး ၎င်းက အခြား ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ကျပ်သန်း ၆၅၇၀ ဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် အဆိုပါမြေ ၆၃ ဧကကျော် ဆုံးရုံးခဲ့ကြောင်း အဂတိလိုက်စားမုတိုက်ဖျက် ရေးကော်မရင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YP စက်သုံးဆီဆိုင်က တစ်ပေပတ်လည် ပျမ်းမျှခန့်မှန်း ကျပ် ၂၀၀၀ နှုန်းဖြင့် ဝယ်ယူရန်အဆိုပြုခဲ့သည့် နိုင်ငံပိုင်မြေ ၂၆ ကွက်၏ တည်နေရာ၊ အကျယ်အဝန်း၊ အဆိုပြုဈေးနှုန်းနှင့် ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သည့် ပြည်တွင်းအခွန်က သတ်မှတ်ခဲ့သော ဈေးနှုန်းနှင့် ပြင်ပဈေးကွက်မှ ၂၀၁၉ ခုနှစ်၏ ခန့်မှန်းပေါက်ဈေး တွက်ချက်ထားမှု

အဆိုပါထုတ်ပြန်ချက်တွင် အဂတိလိုက်စားမုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရသည်ဟု ဖော်ပြထားသည့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ဦးဇင်မင်းအောင်ဆိုသူမာ YP စက်သုံးဆီဆိုင်များ ဖွင့်လစ်နိုင်ရန် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။

၂၀၁၉ ခုနစ်တွင် ထွက်ရိခဲ့သည့် သတင်း များအရ Yangon Petro ဆီဆိုင်တွင် ယခင် ရန်ကုန်တိုင်း စက်သုံးဆီရောင်းဝယ်ရေး အရာရိဖြစ်သည့် ဦးတင်နိုင်စိုးက MD အဖြစ် တာဝန်ယူပြီး ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့က ဒါရိုက်တာအဖြစ် တာဝန်ယူ ထားသည်။

ယင်းစာရင်းအရ ဦးတင်နိုင်စိုးမလွဲပြီး ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့မာ PT Power ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များလည်းဖြစ်သည်။ သို့သော်လည်း အဂတိလိုက် စားမုတိုက်ဖျက်ရေးကော်မရင်၏ ထုတ်ပြန် ချက်အရ YP နင့်ပတ်သက်၍ ဦးဇင်မင်း အောင်တစ်ဦးတည်းကိုသာ အဂတိဖြင့် အရေးယူမုတွင် ထည့်သွင်းထားပြီး ကျန်တာဝန်ရိသူများ ပါဝင်ခြင်းမရိသည်ကို တွေ့ရသည်။ တီကျစ်နင့်ပတ်သက်၍ ထိပ်သီးစီးပွားရေးလုပ်ငန်းရင် ဦးချစ်ခိုင်ကိုသာမက ၎င်း၏ သားဖြစ်သူ မန်းနေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်ကိုလည်း အဂတိလိုက်စားမုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခဲ့သည့်အတွက် YP ကိစ္စတွင် ဒါရိုက်တာတစ်ဦးကိုသာ အမုဖွင့်ထားသဖြင့် နိုင်းယဉ် ဝေဖန်စရာဖြစ်နေသည်။ ယင်းအချက်အလက်များနင့်ပတ်သက်၍ အဂတိလိုက်စားမုတိုက်ဖျက်ရေးကော်မရင်၏ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနင့်  နောက်ဆက်တွဲအချက်အလက်များကို သိရိနိုင်ရန် Weekly Eleven အနေဖြင့် ဆက်လက်စုံစမ်းလျက်ရိနေပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၃ တွင် မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ဘက်ပြောင်းသက်သေ

NLD လက်ထက်တွင် စီးပွားရေးမြို့တော် ရန်ကုန်အား ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြုပြင်ရေးလုပ်ငန်းများအတွက် အခြားတိုင်း နင့် ပြည်နယ်မြို့များထက် ပိုမိုလုပ်ဆောင်ခဲ့သည်။ သို့သော် ပြည်သူများအကြား အငြင်းပွားမုများ၊ မေးခွန်းထုတ်စရာအခြေအနေများမာ ထွက်ပေါ်ခဲ့သည်။

YBS ဘတ်စ်ကားများဝယ်ယူမု၊ ကျောင်းကားအစီးနစ်ရာဝယ်ယူမု၊ အောင်မြင်မုမရခဲ့သည့် ရန်ကုန ်ညဈေးတန်း၊ ကျူးကျော်များအတွက် ကျပ် ၆၄ ဘီလျံ သုံးစွဲမုအစရိသည့် ဖြစ်စဉ်များမာ လူအများအကြား မေးခွန်း ထုတ်ခဲ့သည့် အခြေအနေများဖြစ်သည်။

ရန်ကုန်အစိုးရအဖွဲ့အပေါ် စာရင်းစစ်ချုပ်၏အစီရင်ခံစာအရ အရေးယူရန်ကျန်ရိမည်ဟု ယူဆရသည့် အောက်ပါ အကြောင်းအရာများကိုလည်း စောင့်ကြည့်ဆဲပါ ခင်ဗျာ။

ဘီလျံကျပ် ၃၀ တန် အရေးပေါ်မီးစက်ကြီး ဝယ်ယူမု၊ အရေ့‌တောင်အာရာ အရည်ဆုံး ညဈေးတန်းကြီးဟု ဂုဏ်ယူကာ တည်ဆောက်ခဲ့ပါသော ရန်ကုန် စည်ပင်ရဲ့ကန်းနားလမ်းက  ညဈေးတန်းကြီး တည်ဆောက်မုအကြောင်း၊ ပြည်သူ့ရင်ပြင်အတွင်းက ဗဟိုမီးပွိုင့် ထိန်းချုပ်မုစင်တာကြီးအား လုပ်ငန်းမပြီးသော် လည်း စာချုပ်ပါအချက်များဖောက်ဖျက်ကာ  ငွေအကြေပေးချေခဲ့မုများ၊ YBS ကားများ၊ ကျောင်းကားအစီး ၂၀၀ ဝယ်ယူမုများနင့် ရန်ကုန် ကျူးကျော်များအတွက်ငွေကျပ် ၆၄ ဘီလျံ သုံးစွဲခဲ့မုအကြောင်းများအား အလေးထား ကာ စောင့်စားကြည့်ရန် နားစွင့်လျက်ပင် ရိပါကြောင်း ထပ်မံ တင်ပြအပ်ပါသည် ခင်ဗျား ဟု ယခင် ရန်ကုန်တိုင်းလွတ်တော်ကိုယ်စားလယ်ဟောင်း ဦးကျော်ဇေယျက ၎င်း၏ လူမုကွန်ရက် စာမျက်နာတွင် ရေးသားထားသည်။

လက်ရိတွင် YP စက်သုံးဆီဆိုင်ဖြစ်စဉ်တွင် အဓိက တာဝန်ရိသူဟု ဆိုနိုင်သည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမာ အဂတိလိုက်စားမု တိုက်ဖျက်ရေး ကော်မရင်က အရေးယူထားသည့် စာရင်း တွင် ပါဝင်ခြင်း မရိသည်ကို တွေ့ရသည်။ ဦးဖြိုးမင်းသိန်းမာ လက်ရိအချိန်အထိ အရေးယူခံရခြင်း မရိသေးသော်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည့် ဦးနိုင်ငံလင်း၊ ဒေါ်နီလာကျော်၊ ဒေါ်မိုးမိုးစုကြည်မစ၍ နောက်ဆုံးတွင် သစ်တောဝန်ကြီးဟောင်း ဦးဟံထွန်းမာလည်း အဂတိလိုက်စားမု တိုက် ဖျက်ရေးဥပဒေဖြင့် အရေးယူ ခံထားရသည်။

အရေးယူခံရသူများအနက် ဒေါ်နီလာကျော်မာ အဂတိမု ၁၆ မုအတွက် အလုပ်နင့် ထောင်ဒဏ် ၁၆ နစ်ဖြင့် လည်းကောင်း၊ ဦးနိုင်ငံလင်းမာ အဂတိမု ငါးမုအတွက် ထောင်ဒဏ် ငါးနစ်ဖြင့် လည်းကောင်း အသီး သီး ချမတ်ခံထားရသည်။

ထောင်ဒဏ်ချမတ်ခံရသူ ဒေါ်နီလာကျော်မာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် ဒေါ်ခင်ကြည် ဖောင်ဒေးရင်း မြေနေရာနင့် ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သူလည်း ဖြစ်သည်။

ယင်းသို့ သက်သေထွက်ဆိုထားသူနစ်ဦး အနက် တစ်ဦးမာ အဂတိမုဖြင့် ထောင်ဒဏ် ချမတ်ခံရပြီး ဖြစ်သော်လည်း ရန်ကုန်တိုင်းတွင်အဓိကတာဝန်ရိသူဖြစ်သည့်  ဦးဖြိုးမင်းသိန်းမာမူ တရားစွဲဆိုခံရခြင်းမရိသည် မာ လူအများကြားဝေဖန်မုတစ်ရပ်အဖြစ် ရိနေသည်။

အဂတိမုနင့် ပတ်သက်ပြီး လူအများအကြား ဝေဖန်မုများ မြင့်တက်ခဲ့သည့် ဖြစ်စဉ်များ ဦးဖြိုးမင်းသိန်း၌ ရိသော်လည်း အရေးယူထားခြင်းမရိသည့် အခြေအနေနင့် ပတ်သက်ပြီး ဇွန် ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းစာရင်းလင်းပွဲတွင်မူ ပြောရေးဆိုခွင့်ရိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဥပဒေအထက်တွင် မည်သူမျ မရိကြောင်း၊ ဥပဒေအတိုင်း ဖြစ်စေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 “ဥပဒေထဲမာတော့ အဂတိလိုက်စားမု တိုက်ဖျက်ရေးဥပဒေမာတော့ လာဘ်ပေးသူရော၊ လာဘ်ယူ သူရောပါတာပေါ့။ ကျွန်တော် ပြောလိုတာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေသည် ပထမဦးဆုံး ရည်မန်းချက်ဖြစ်တဲ့ UEC ဖွဲ့စည်းပြီးတော့ မဲစာရင်းတွေ စစ်ဆေး တာဖြစ်တယ်။ ဒါမျိုး စစ်ဆေးနေရင်းနဲ့ ဒီပြင်အကြောင်းအရာတွေ တွေ့လာတဲ့အတွက် ကျွန်တော်တို့ ဒါ ဆောင် ရွက်ရတာဖြစ်တယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမာ သက်သေခံချက် အပြည့်အစုံရရိတဲ့ အတွက်ကြောင့်မို့လို့ အခုလို တရားစွဲတင်တာဖြစ်တယ်။ တရားစွဲဆိုတဲ့နေရာမာ ခုနက မေးတဲ့ မေးခွန်းနဲ့ ဆက်စပ်ပြီး ပြောရရင်တော့ တရားစွဲတင်တဲ့နေရာမာ ကျွန်တော်တို့ အနေ နဲ့ ဥပဒေရဲ့အထက်မာ ဘယ်သူမ မရိပါဘူး။ တရားဥပဒေအတိုင်းပဲ ဖြစ်စေရမယ်လို့ ကျွန် တော်တို့ ပြောချင်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် အဓိကနေရာတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းမာ သူ့ အားစောင့်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ထံ ရွေချောင်းများ ပေးရသည်ဆိုသည့်အမုတွင်မူ တရားလိုပြသက်သေအဖြစ် ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်နင့်အတူ ထွက်ဆိုထားခဲ့သည်။ ထို့အပြင် စေပိုင်ကုမ္ပဏီပိုင်ရင် ဦးမောင်ဝိတ်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယခင် NLD အစိုးရ ဝန်ကြီးအချို့၏ အဂတိမုများတွင် တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးဖြိုးမင်းသိန်းက ရွေနင့် ဒေါ်လာများ ပေးခဲ့ရသည် ဟု ထွက်ဆိုခဲ့သည့်အမုအတွက် အပြီးသတ် အမိန့်အဖြစ် ထောင်ဒဏ် ငါးနစ် ချမတ်ခံထားရပြီး ဖြစ်သည်။ ထိုအချင်းအရာကိုကြည့်လျင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်အပြီး နောက်ပိုင်းတွင် ဦးဖြိုးမင်းသိန်းသည် ဘက်ပြောင်းသက်သေအဖြစ် ဆောင်ရွက်ခဲ့သူအဖြစ် ပေါ်လွင်စေခဲ့သည်။

ဥပဒေအထက်မာ ဘယ်သူရှိနေသလဲ

အထက်တွင်ဖော်ပြပြီးသကဲ့သို့ ယခင်အစိုးရလက်ထက် ပြည်နယ်  နှင့် တိုင်း ဝန်ကြီးချုပ်များအားလုံး အဂတိအပါအဝင် အခြားသော အမှုများဖြင့် အရေးယူ ခံနေရချိန်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း တစ်ဦးတည်းသာ တစ်စုံတစ်ရာ အမှုဖွင့် အရေးယူခြင်း မခံရဘဲ ကင်းလွတ်ခွင့် ရသကဲ့သို့ ဖြစ်နေသည်မှာ အံ့သြစရာပင်ဖြစ်သည်။ သို့သော်လည်း ရန်ကုန်ဝန်ကြီးချုပ်အဖြစ် ၎င်းတာဝန်ယူစဉ်ကမူ YP အပါအဝင် တိုင်းပြည်ဘဏ္ဍာ ကျပ်ဘီလျံများစွာ ဆုံးရှုံးရသော ကိစ္စရပ်များအတွက် အဝေဖန်ခံရဆုံးသော ဝန်ကြီးချုပ်ဟောင်း တစ်ဦးပင်ဖြစ်သည်။ ကျပ်ဘီလျံ ၃၀ တန် အရေးပေါ် မီးစက်ဝယ်ယူမှု၊ ကမ်းနား လမ်းညဈေးတန်း တည်ဆောက်မှု၊ ပြည်သူ့ရင်ပြင် ဗဟိုမီးပွိုင့်ထိန်းချုပ်မှုစင်တာ စာချုပ် ကိစ္စ၊ YBS ကားများနှင့် ကျောင်းကားပြဿနာများတွင် အဂတိနှင့်ပတ်သက်၍ တာဝန်အရှိဆုံးသူမှာ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဖြစ်သည်ဆိုသည့်အချက်ကို မည်သူမှ မငြင်းနိုင်ပေ။

သို့သော်လည်း ၎င်း၏ အဂတိကိစ္စရပ်များနှင့်ပတ်သက်လျှင် တစ်စုံတစ်ရာ စုံစမ်း အရေးယူမှု မခံရခြင်းမှာ အခြားသော ယခင်အစိုးရ တာဝန်ရှိသူများ၏ အဂတိမှုများတွင် တရားလိုသက်သေအဖြစ် ဆောင်ရွက်မှုကြောင့်ဖြစ်သည်ဟု သုံးသပ်နေကြသကဲ့သို့ပင် ယင်းမှာ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်မှုများအပေါ် မေးခွန်း ထုတ်စရာလည်း ဖြစ်နေပေသည်။ ဦးဖြိုးမင်းသိန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အဂတိမှုတွင် သက်သေထွက်ဆိုထားပြီး ဖြစ်သော်လည်း ရန်ကုန်တိုင်းနှင့် ပတ်သက်သည့် အဂတိမှုများတွင် သက်သေအဖြစ် ထွက်ဆိုဆောင်ရွက်ခြင်းမျိုး မရှိသည်ကိုလည်း တွေ့ရပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ဦးဖြိုးမင်းသိန်းသည် ယခင်အစိုးရလက်ထက်က အဂတိကိစ္စရပ်များနှင့် ပတ်သက်လျှင် ပြဿနာအရှိဆုံး နာမည်အထွက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ဆိုသည့်အချက်ကို မည်သူမှ ငြင်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်လျှင် တာဝန်ရှိအဖွဲ့အစည်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့အနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည် ဆိုသည်ကိုမူ အများက စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ယခင်အစိုးရလက်ထက်က တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံး နစ်နာမှုများ၊ အဂတိမှုများနှင့်ပတ်သက်လျှင် Double Standard မဖြစ်စေရန် ဂရုပြုသင့်ပြီး ဥပဒေ၏အထက်တွင် မည်သူမှ မရှိစေဘဲ တရားဥပဒေအတိုင်းသာ ဖြစ်စေရန် လုပ်ဆောင်သင့်သည်မှာ အမှန်ပင်ဖြစ်ပါသည်။

ဘီလျံကျပ် ၃၀ တန် အရေးပေါ် မီးစက်ကြီး ဝယ်ယူမှု၊ အရှေ့‌တောင်အာရှမှာ အရှည်ဆုံး ညဈေးတန်းကြီးဟုဂုဏ်ယူကာ တည်ဆောက်ခဲ့ပါသော ရန်ကုန် စည်ပင်ရဲ့ကန်းနားလမ်းက ညဈေးတန်းကြီး တည်ဆောက်မှုအကြောင်း၊

ပြည်သူ့ရင်ပြင်အတွင်းက ဗဟိုမီးပွိုင့် ထိန်းချုပ်မှု စင်တာကြီးအား လုပ်ငန်း မပြီးသော်လည်း စာချုပ်ပါအချက်များဖောက်ဖျက်ကာ ငွေအကြေပေးချေခဲ့မှုများ၊ YBS ကားများ၊ ကျောင်းကားအစီး ၂၀၀ ဝယ်ယူမှုများနှင့် ရန်ကုန် ကျူးကျော်များအတွက်ငွေကျပ် ၆၄ ဘီလျံသုံးစွဲခဲ့မှုအကြောင်းများအား

အလေးထားကာ စောင့်စားကြည့်ရန်နားစွင့်လျက်ပင်ရှိပါကြောင်း ထပ်မံ တင်ပြအပ်ပါသည် ခင်ဗျား” ဟု ယခင် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

 

 

Most Read

Most Recent