ရန်ကုန် သီလဝါ ဆိပ်ကမ်းတွင် ပိုင်ရှင်က စွန့်လွှတ်သည့်  မော်တော်ယာဉ် ၂၈ စီး အပါအဝင် ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ရန်ကုန် သီလဝါ ဆိပ်ကမ်းတွင် ပိုင်ရှင်က စွန့်လွှတ်သည့်  မော်တော်ယာဉ် ၂၈ စီး အပါအဝင် ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
ပိုင်ရှင်က စွန့်လွှတ်ထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)
ပိုင်ရှင်က စွန့်လွှတ်ထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)
Published 26 May 2022

ရန်ကုန်သီလဝါဆိပ်ကမ်းတွင် ပိုင်ရှင်က စွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီးအပါ အဝင် ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း မေ ၂၆ ရက်တွင် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မေ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေ ညာလွှာ  (ID) သက်တမ်းကျော်လွန်ပြီး လာ ရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်က စွန့်လွှတ်သည့် Light Truck ( RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၉ ၀၁၄ ၆၈၈) ကို သိမ်းဆည်းရမိပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

မေ ၂၄ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) ကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော် လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်က စွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းငွေကျပ် ၄၂၃၁၁၀၃၈၃) ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အလားတူ မေ ၂၅ ရက်တွင် ပဲခူးတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ် ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ ပဲခူးမြို့နယ်အတွင်း ကျပ် ၃၈၃၄၆၀ ခန့် တန်ဖိုးရှိ တရားမဝင်ကျွန်းခွဲသား သုည ဒသမ ၅၈၁၀ တန် ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မေ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တွင် ဖမ်းဆီးရမိမှုစုစုပေါင်း အမှုတွဲ ၃၀ ဖြစ်ပြီး ကျပ် ၄၃၂၅၀၈၅၃၁ ခန့် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန် ချက်အရ သိရသည်။

Most Read

Most Recent