NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ​ဟောင်း ဦးဇော်ဌေး၏ စျာပန ပြုလုပ်

NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ​ဟောင်း ဦးဇော်ဌေး၏ စျာပန ပြုလုပ်
Published 24 May 2022

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အဖြစ်ဆောင်ရွက် ခဲ့သည့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဇော်ဌေး၏ နာရေးကို ယနေ့ (မေ ၂၄)ရက် နေ့လည်ပိုင်းက ​​နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံကြီးတွင် သရဏဂုံတင်ခဲ့ကြောင်း သိရသည်။

ဦးဇော်ဌေး၏ စျာပနသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း လည်း လာရောက်ပို့ဆောင်သည်ကို တွေ့ရသည်။

မေ ၂၃ ရက် နံနက်ပိုင်းက နှလုံးရောဂါကြောင့် ကွယ်လွန်ခဲ့သည့် အတိုင်ပင်ခံရုံး ညွှန်ကြာ​​ရေးမှူးချုပ်(ငြိမ်း) ဦးဇော်ဌေး၏ ရုပ်အလောင်းအား နေပြည်တော် ကွေ့ကြီးသုသာန်၌ ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့လာ သည့် ဦးဇော်ဌေးသည် သမ္မတ(ငြိမ်း)ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး NLD အစိုးရဘက်ထက်တွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်း​​​ဆောင်ခဲ့သည်။

နေ့(မေ ၂၄ ရက်)တွင် ပြုလုပ်သည့် ဦးဇော်ဌေး၏ နာရေးသို့ DSA အပတ်စဉ်တူ သူငယ်ချင်းများ၊ ဝန်ကြီးဌာနများမှ လုပ်ဖော်ကိုင်ဖက်များလည်း လာရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent