■ အယ်လ်ချီ နှင့် ဂီတာဖေး (တနင်္ဂနွေည ၁ဝး ၀၀)
နှစ်သင်းစလုံးတန်းဆင်းအန္တရာယ်စက်ဝန်းအတွင်းမှာရှိနေတုန်းပဲ။ အန္တရာယ်ဇုန်ကလွတ်ဖို့ အနည်းဆုံးတစ်မှတ်စီတော့ ရအောင်ရှာကြရဦးမယ်။ လက်ရှိဒီနှစ်သင်းရဲ့ ခြေစွမ်း၊ အစဉ်အလာနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအရတော့ နှစ်သင်းစလုံးလိုအပ်နေတဲ့တစ်မှတ်စီခွဲယူသွားကြဖို့များပါတယ်။ ဂိုးနည်းမယ်။
■ အလာဗတ်စ် နှင့် ကာဒစ်ဇ် (တနင်္ဂနွေည ၁၂း၃၀)
ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗန်တေးရဲ့ အတူတကွတန်းဆင်းဖို့ ဆွဲချခြင်းခံလိုက်ရတဲ့ အလာဗတ်စ် အခုအိမ်ကွင်းမှာ ကာဒစ်ဇ် ကိုတန်းဆင်းအောင်လုပ်ပြနိုင်မလားစောင့်ကြည့်ရလိမ့်မယ်။ ဒီပွဲက အလာဗတ်စ်ရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်နေပြီး ပုံမှန်အရတော့ အိမ်ကွင်းကစားပုံမဆိုးလှတဲ့ အလာဗတ်စ်ဆီက (၃)မှတ် အပြည့်ယူနိုင်ဖို့ ကာဒစ်ဇ်အတွက် ခက်ခဲမယ့်ပွဲမျိုးဖြစ်နေတယ်။ တန်းမဆင်းရဖို့ အားကုန်ရုန်းလာနိုင်ပေမဲ့ ကာဒစ်ဇ်တို့ အလွန် ဆုံးသရေတစ်မှတ်လို့ပဲထင်တယ်။
■ ဂရန်နာဒါ နှင့် အက်စ်ပန်ညို (တနင်္ဂနွေည ၁၂း၃၀)
နည်းပြသစ်လက်ထဲ ဂရန်နာဒါရုန်းအား ပိုကောင်းလာတယ်။ ဒါပေမဲ့တိုက်စစ်ဂိုးသွင်းနှုန်း ပုံမှန်မဟုတ်တာက ဂရန်နာဒါရဲ့အား နည်းချက်လိုဖြစ်နေပါသေးတယ်။ အက်စ်ပန်ညိုကလည်းအဝေး ကွင်းကစားပုံ အားရစရာရှိပါဘူး။ တန်းမဆင်းရရေး ရုန်းနေရသေး တဲ့ အိမ်ရှင်ဂရန်နာဒါနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။
■ အိုဆာဆူနာ နှင့် မာယော့ကာ (တနင်္ဂနွေည ၁၂း၃၀)
မာယော့ကာ (၃)မှတ်အပြည့်ယူထားနိုင်ရေး အဝေးကွင်းမှာ အားထုတ်ရဦးမယ်။ ဒါပေမဲ့အဝေးကွင်းကစားအားက အားရစရာ သိပ်မရှိလှတဲ့အပြင် အိုဆာဆူနာကလည်း အိမ်ကွင်းမှာသက် သောင့်သက်သာ ရင်ဆိုင်လာနိုင်လို့ မာယော့ကာအတွက်မလွယ် ဘူးထင်တယ်။ ဂိုးနည်းသရေပွဲလောက်ပဲမှန်းထားချင်တယ်။
■ ဘာစီလိုနာ နှင့် ဗီလာရီးယဲလ် (တနင်္လာနံနက် ၂း၃၀)
ချန်ပီယံလိဂ်မှာ အသင်းကြီးတွေကိုဖြိုပြီး ဆီမီးအထိ တက်နိုင်ခဲ့တဲ့ ဗီလာရီးယဲလ် ပြည်တွင်းလာလီဂါမှာတော့ ယူရို ပါကွန်းဖရန့်လိဂ်ကိုဝင်ခွင့်ရအောင် မနည်းကစားရတော့မယ်။ ဆိုစီဒက်ကို အိမ်ကွင်းမှာရှုံးလိုက်တာဟာ ဗီလာရီးယဲလ်အ တွက်ပေးဆပ်မှုကြီးမားခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ကို လက်လွှတ် ရတဲ့အပြင် ကွန်းဖရန့်လိဂ်ဝင်ခွင့်ရဖို့ဆိုရင် ဘာစီလိုနာကိုအ နိုင်ကစားထားနိုင်မှသာဖြစ်နိုင်မယ့် အခြေအနေမျိုးနဲ့ကြုံလာ ရပြီပဲဖြစ်တယ်။ ဒါကြောင့် နူးကမ့်မှာ အိမ်ရှင်ဘာစီလိုနာကိုအ နိုင်ရဖို့ ဗီလာရီးယဲလ်နောက်ဆုံးအနေနဲ့ အစွမ်းကုန်အားထုတ် မှုတွေလုပ်လာတော့မှာ သေချာတယ်။ ဒီတော့အခုပွဲရဲ့အဓိက အဖြေက ဒုတိယနေရာသေချာနေပြီဖြစ်တဲ့ ဘာစီလိုနာရဲ့ တုံ့ ပြန်လာနိုင်မှုအခြေအနေပါပဲ။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းကိုပဲ အရဲစွန့်ရွေးထားရမယ့်ပွဲလိုဖြစ်နေတယ်။
■ ဆိုစီဒက် နှင့် အက်သလက်တီကို (တနင်္လာနံနက် ၂း၃၀)
နှစ်သင်းစလုံးမျှော်လင့်ချက်ကိုယ်စီပြည့်ဝနေကြပြီဆိုပေမဲ့ အက်သလက်တီကိုကတော့ အဆင့် (၃)နေရာမြဲအောင် အမှတ်ရှာထားရဦးမယ်။ ဒါကြောင့် ယူရိုပါလိဂ်ဝင်ခွင့် သေချာနေပြီဖြစ်တဲ့ ဆိုစီဒက်ဆီက အနိမ့်ဆုံးသရေတစ်မှတ်တော့ရအောင် အက်သလက်တီကိုတို့ ကစားလိမ့်မယ်ထင်တယ်။ ရာသီပိတ် နှုတ်ဆက်ပွဲဖြစ်လို့လည်း အက်သလက်တီကိုတို့ ခြေမငြိမ်တဲ့ ကြားက ပရိသတ်ကျေနပ်အောင် ရလဒ်ကောင်းတစ်ခုယူဖို့ကြိုး စားမှာပါ။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။
■ ဆီဗီလာ နှင့် ဘီလ်ဘာအို (တနင်္လာနံနက် ၂း၃၀)
ဒီပွဲလည်းကြည့်ကောင်းဦးမှာသေချာတယ်။ ဆီဗီလာက ချန်ပီယံလိဂ်ဝင်ခွင့်နေရာသေချာဖို့ အနည်းဆုံးတစ်မှတ်ရ အောင်ကစားရဦးမယ်။ ဘီလ်ဘာအိုကလည်း ကွန်းဖရန့်လိဂ်ဝင် ခွင့်ရချင်ရင် အနိုင် (၃)မှတ်ရအောင်ရှာရဦးမှာဖြစ်တယ်။ ဒါ ကြောင့်ဘီလ်ဘာအိုရဲ့ အနေအထားက အဝေးကွင်းမှာ နိုင်ပွဲရ ရေး ဖွင့်တိုက်ယူရမှာဖြစ်ပြီး ဆီဗီလာကတော့ သရေတစ်မှတ်အ နိမ့်ဆုံးရဖို့ အိမ်ကွင်းမှာထိန်းကစားနိုင်ခွင့်ရှိနေတယ်။ အိမ်ရှင် ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲရွေးထားချင်တယ်။















