ဓာတ်ပုံ - ကောင်းကျော်ဖေစ့်ဘုတ်
ဟာသသရုပ်ဆောင် လူရွှင်တော်ကောင်းကျော် နေအိမ်တွင် ဖမ်းဆီးခံရပြီး မိသားစုဝင်များနှင့်အဆက်အသွယ်မရသးကြောင်း ၄င်း၏ဇနီးဖြစ်သူက ဧပြီ ၂ဝရက်က ပြောကြားသည်။
" မနေ့ည ၁ဝနာရီလောက်မှာ ဖမ်းဆီးခံရတာပါ။ သန်းကောင်စာရင်း စာရွက်ကြည့်တယ်။ ကြည့်ပြီးတော့ ကိုကောင်းကျော် ခဏလိုက်ခဲ့ပါဆိုပြီးအေးအေးဆေးဆေးပဲ ခေါ်သွားတာပါ " ဟု ၄င်း၏ ဇနီးဖြစ်သူက ပြောကြားသည်။
ဟာသသရုပ်ဆောင် လူရွှင်တော်ကောင်းကျော်ကို ဧပြီ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်က ၄င်းနေထိုင်ရာ သာကေတမြို့နယ် (၈)ရပ်ကွက် ပိတောက်ရွှေဝါလမ်း အမှတ် (၅၇)နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ၄င်း၏ ဇနီးဖြစ်သူက ပြောကြားသည်။
" အခုချိန်အထိတော့ ကိုကောင်းကျော်နဲ့အဆက်အသွယ်မရသေးပါဘူး။ ကျွန်မလည်း ဆေးခန်းပြပြီး ပြန်လာရတာ။ စိတ်တွေ အခုချိန်အထိပူထူနေပါတယ် "ဟု ၄င်း၏ဇနီးဖြစ်သူက ပြောကြားသည်။















