၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၇၀ ကျော်ရရှိ

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၇၀ ကျော်ရရှိ
Published 19 April 2022

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၇၀ ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၁ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း ကော့သောင်းနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၁၆၁ ဒသမ ၆၉၅ သန်း၊ သွင်းကုန်ဒေါ်လာ ၈  ဒသမ  ၅၈၉ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၇၀ ဒသမ၂၈၄ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ပို့ကုန်ဒေါ်လာ ၁၆၃ ဒသမ ၅၆၄ သန်း၊ သွင်းကုန်ဒေါ်လာ၂၇  ဒသ မ ၉၆၉ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၉၁ ဒသမ ၅၃၃ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၁ ဒသမ ၂၄၉ သန်း လျော့ကျခဲ့သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ သန်း  ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထားသည်။

Most Read

Most Recent