ပထမ သုံးလပတ် စီးပွားရေး အခြေအနေနှင့် ရှေ့အလားအလာများ

ပထမ သုံးလပတ် စီးပွားရေး အခြေအနေနှင့် ရှေ့အလားအလာများ
Published 27 March 2022

လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

မြန်မာနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှု ကဏ္ဍတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလ ပတ်ကာလအတွင်း ပို့ကုန်သွင်းကုန်အခြေအနေကို  ယခင် ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာ လအတွင်း ကုန်သွယ်မှုကို နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နယ်စပ်ကုန်သွယ် မှုမှာ ၃၆ ဒသမ ၉ ရာ ခိုင်နှုန်းကျဆင်းခဲ့ သည်။ပင်လယ်ရေကြောင်းမှ သွင်းကုန်တင်သွင်းမှု မှာ ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နယ်စပ်မှ သွင်းကုန်တင်သွင်းမှုမှာလည်း ၃၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံး တင်ပို့မှုမှာ အာရှဒေသို့ဖြစ်သည်။ ဥရောပသို့ ၂၁ ဒသမ ၇ ရာခိုင်နှုန်းအထိ တင်ပို့ခဲ့ပြီး အမေ ရိက၊ အရှေ့အလယ်ပိုင်း ၊အာဖရိကစသည့် ဒေသများသို့လည်း ပို့ကုန်တင်ပို့ခဲ့သည်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် နှင့် အမေရိကန် တို့မှာ ပို့ကုန်အဓိကတင်ပို့ခဲ့သည့် နိုင်ငံငါး နိုင်ငံဖြစ်သည်။

တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမ သုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပို့ကုန်စုစုပေါင်း၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက တရုတ်သို့ ပို့ကုန်တင်ပို့မှု ၄၄ ဒသမ ၁ ရာခိုင်နှုန်းလျော့ကျ ခဲ့သည်။ ပမာဏအားဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း တရုတ်သို့ ပို့ကုန်တင်ပို့မှု တန်ဖိုး ဒေါ်လာ ၁၆၆၇ ဒသမ ၀၉ သန်းရရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၉၃၁ ဒသမ၂၉ သန်းသာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပို့ကုန်လျော့နည်းရခြင်းမှာ အဓိက အားဖြင့် ဆန်၊ အထည်ချုပ်၊ ရေထွက်ပစ္စည်း၊ ရော်ဘာစသည်တို့ တင်ပို့မှု လျော့ကျခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဒုတိယအများဆုံး ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး စုစုပေါင်းပို့ကုန်၏ ၂၂ ဒသမ ၁ ရာခိုင်နှုန်းရှိ သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံး လပတ်အတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၈၃၉ ဒသမ ၈၀ သန်းရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၆၃၃ ဒသမ ၆၁ သန်း ရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့ မှုမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံး လပတ်ထက် ၃၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။ အဓိကအားဖြင့် သဘာဝဓာတ်ငွေ့၊ အထည်ချုပ်၊ ရော်ဘာစသည်တို့ တင်ပို့မှုမြင့် တက်ခဲ့ခြင်းကြောင့်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလ ပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ ကုန်တင်ပို့မှုမှ ဒေါ်လာ ၂၁၅ သန်းကျော်ရရှိပြီး ယခင် ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်  နှိုင်း ယှဉ်ပါက  ၆ ဒသမ ၇ ရာခိုင်နှုန်းကျော် လျော့ ကျခဲ့သည်။၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ သို့ ပို့ကုန်တင်ပို့မှု တန်ဖိုး ဒေါ်လာ ၂၁၅ဒသမ ၂၅သန်းရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ၂၃၀ ဒသမ ၆၈ သန်းရှိခဲ့သည်။

ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ  ယခင် ဘဏ္ဍာနှစ် ပထမသုံးလပတ်ထက် ၁၅ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အမေရိကန်သို့ ပို့ကုန်တင်ပို့မှုမှာလည်း ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်ထက် ၁၅ ရာခိုင်နှုန်း လျော့ ကျခဲ့သည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့်  အာရှဒေ သမှအများဆုံးဖြစ်ပြီး ၉၁ ဒသမ ၁ ရာခိုင်နှုန်း အထိရှိသည်။ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒို နီးရှား၊ မလေးရှားစသည့်ငါးနိုင်ငံမှာ သွင်း ကုန်အများဆုံး တင်သွင်းထားသည့် နိုင်ငံများ ဖြစ်သည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု ပေးနိုင်မှုအခြေအနေတွင်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာ နိုင်ငံသားရင်း နှီးမြှုပ်နှံမှုမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၂၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဆောက်လုပ် ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ မြင့် တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရ သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင်  လက်ရှိ ဘဏ္ဍာနှစ် ပထမသုံးလပတ် အခြေအနေမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် နှိုင်း ယှဉ်ပါက   ဒေါ်လာ ၁၀၂ ဒသမ ၉၃  သန်း လျော့ကျခဲ့သည်။ သို့သော်လည်း အဆိုပါကာ လအတွင်း အခြားသော သဘာဝအရင်းအမြစ် များကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများထက် ကုန်ထုတ်လုပ်မှုကို အခြေခံသည့် ရင်းနှီးမြှုပ် နှံမှုများ အဓိကဝင်ရောက်ခဲ့သဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၅ ရာခိုင်နှုန်း ကျော်အထိ ပါဝင်ခဲ့သည်။

နိုင်ငံအလိုက် ခွင့်ပြုပေးခဲ့မှုအနေဖြင့် တရုတ်၊ စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့မှာ ထိပ်ဆုံးမှ ရပ်တည်နေသည့်နိုင်ငံများဖြစ်သည်။ ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ် အတွင်း ကမူ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံ တို့က ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် နေပြည်တော်၌ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက် ခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးမှာ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအများဆုံး ဝင်ရောက်ခဲ့သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် နေ ပြည်တော်တွင် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ဒုတိယနှင့် မန္တလေးတိုင်းဒေသ ကြီးမှာ တတိယအများဆုံးဝင်ရောက် ခဲ့သည်။

ပြည်ပသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ချုပ်ပြီးအထည် တင်ပို့မှုမှာ စုစုပေါင်း ပို့ကုန် တင်ပို့မှု၏ ၂၇ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။ သဘာဝဓာတ်ငွေ့၊ ဆန်၊ ရေထွက်ကုန်ပစ္စည်း နှင့် နှမ်းတို့မှာ အဓိကပို့ကုန်များ ဖြစ်ခဲ့သည်။

ချုပ်ပြီးအထည် တင်ပို့မှုအနေဖြင့် လက် ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဒေါ် လာ ၁၀၅၅ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာ နှစ်ကာလတူက ဒေါ်လာ ၈၈၉ ဒသမ ၇ သန်း သာ ရရှိခဲ့သည်။

သဘာဝဓာတ်ငွေ့တင်ပို့မှုအနေဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၈၂၉ သန်း ကျော်ရရှိပြီး ယခင်ဘဏ္ဍာ နှစ်ကာလတူက ဒေါ်လာ ၈၂၄ ဒသမ ၄ သန်း ရရှိခဲ့သည်။

ဆန်တင်ပို့မှုအနေဖြင့် လက်ရှိဘဏ္ဍာ နှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၂၃၃ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ က ဒေါ်လာ ၂၃၈ ဒသမ ၉ သန်းရရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ပထမသုံးလ ပတ်အတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၇၉၃ သန်းကျော်သာ ရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်က ပို့ကုန်တန်ဖိုး ဒေါ်လာ၄၀၃၇ သန်းကျော်ရရှိခဲ့သည်။ အဆို ပါကာလနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာ နှစ် ပထမသုံးလပတ်အတွင်းမှာ ယခင်နှစ် ပထမသုံးလပတ်ထက် ဒေါ်လာ ၂၄၄ သန်း ကျော်၊ ရာခိုင်နှုန်းအားဖြင့် ခြောက်ရာခိုင်နှုန်း ကျော် ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သည်။

၂၀၂၂ ခု နှစ် ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ် လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း)အရ မြန်မာ နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ၏အခြေအနေ  မှာ ဆက်လက်ကျဆင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးမတည်ငြိမ်မှုများ၊ ကုန်ကြမ်းရှား ပါးမှုများနှင့် COVID-19 တို့က ထုတ်လုပ်မှု နှင့် ဝယ်လိုအားအပေါ် ဖိစီးလာခဲ့ကြပြီး ယခု လအတွင်း နှစ်ခုစလုံး ပိုမြန်သည့်နှုန်းဖြင့် ကျ ဆင်းသွားကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီများက ဝယ်ယူမှုများကို လျှော့ချလာခဲ့စဉ် လက်ကျန်အလုပ်များမှာမူ စစ်တမ်းတွင် စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဒေါ်လာ-ကျပ် ငွေလဲလှယ် မှုနှုန်း ဆိုးလာခြင်း၊ ပို့ဆောင်ခနှုန်းများ မြင့် လာပြီး ကုန်ကြမ်းစျေးနှုန်းများ ကြီးမြင့်လာခြင်း ကြောင့် ထည့်ကုန်များနှင့် ရောင်းစျေးများ နှစ်မျိုးစလုံး၏ ငွေကြေးဖောင်းပွမှုမှာ လေးလ အတွင်း အမြင့်ဆုံးသို့ အရှိန်ထိုးတက်သွား သည်။

“ဖေဖော်ဝါရီဒေတာက အကျဘက်မှာ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေအတွက် တွေ့မြင်နေကျ ကားချပ်ပုံကို ဖော်ပြနေပါတယ်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်တွေနဲ့  ဝယ်ယူရေးလုပ်ငန်းတွေ ပိုမိုလျင်မြန်စွာကျ ဆင်းလာချိန်မှာ လက်ကျန်အလုပ်တွေ စံချိန် တင် အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေအပေါ် ဖိစီးနေကြတဲ့ အချက်တွေအဖြစ် နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဓာတ်အားပြတ်တောက်မှုတွေ၊ ကူးစက်မြန် ကပ်ဘေးနဲ့ ကုန်ကြမ်းရှားပါးမှုကို ထပ်ပြီး အစီ ရင်ခံညွှန်ပြခဲ့ကြပြန်ပါတယ်”ဟု IHS Markit မှ စီးပွားရေးပညာရှင် Shree Patel က ပြော ကြားခဲ့သည်။

အပြုသဘောဆောင်သည့်အချက် အဖြစ် ကုမ္ပဏီများက လာမည့် တစ်နှစ်အတွင်း ၎င်းတို့၏ထုတ်လုပ်မှုပမာဏများ တိုးလာမည် ဟု အပြုသဘောမြင်နေခြင်းကို ထောက်ပြနိုင် သည်။ ဝန်ထမ်းငှားရမ်းမှုပါ မြင့် တက်လာခဲ့ရာ ဦးရေမှာ သုံးလဆက်တိုက် မြင့်တက်လာခဲ့ သည်။

စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့၏ သုံးသပ်ချက်များက နိုင်ငံရေးအပြောင်းအလဲ၊ COVID-19 ၊ လျှပ်စစ်ပြတ်တောက်မှုများနှင့် နိုင်ငံတကာပစ္စည်းပေးသွင်းမှု ပြတ်တောက် လာခြင်း၏ အကျိုးဆက်များကို မီးမောင်းထိုး ပြနေကြသည်။

အလားတူပင် အော်ဒါအသစ်များမှာ ပိုမြန်ဆန်စွာ ကျဆင်းလာခဲ့လျက် ကျဆင်းမှု အစဉ်ကို ၁၈ လသို့ ဆွဲဆန့်ပေးလိုက်သည်။အစီရင်ခံစာ အများအပြား၌ ဖောက်သည်များ ထံတွင် ငွေသားပြတ်တောက်မှုများနှင့် ဘဏ္ဍာ ရေးအခက်အခဲများရှိနေခြင်းကို ဖော်ပြထား သည်။

ဝယ်လိုအားအခြေအနေများ  ဆုတ်ယုတ် လာနေပြီး စျေးနှုန်းများမှာ သမိုင်းတွင် အမြင့် ဆုံးနှုန်းဖြင့် မြင့်တက်လာနေချိန်၌ ကုမ္ပဏီများ သည် ၎င်းင်းတို့၏ဝယ်ယူမှုများကို ဖေဖော်ဝါရီလ တွင် ပြန်လျှော့ချခဲ့ကြရသည်။

ဝယ်ယူမှုအားနည်းမှုက လျှပ်စစ်မီးပြတ် တောက်မှုများနှင့် ပေါင်းမိခြင်းကြောင့် မပြီး ဘဲကျန်ရစ်ခဲ့သည့်အလုပ်များမှာ စစ်တမ်း၏ ခြောက်နှစ်တာသမိုင်းတွင် အများဆုံးနှုန်းဖြင့် မြင့်တက်လာစေခဲ့သည်။ လက်ကျန်အလုပ် များ သမိုင်းဝင်စံချိန်တင်နှုန်းဖြင့် မြင့်တက်လာ ခဲ့သည်မှာ သုံးလဆက်တိုက်ဖြစ်သည်။

ကုန်ကျစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးများ မှာ ဖေဖော်ဝါရီလတွင် ကုန်ကြမ်းစျေးနှုန်းများ နှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုနှင့်အတူ  တစ်ဟုန်ထိုးမြင့်မားလာခဲ့သည်။

ထို့ပြင် ဒေါ်လာ-ကျပ်ငွေလဲ လှယ်နှုန်း ဆိုးရွားလာခြင်းကိုပါ အ စီရင်ခံစာများထဲတွင် ကျယ်ပြန့်စွာ ထောက်ပြခဲ့ကြသည်။ မြင့်တက် လာသည့် ကုန်ကျစရိတ်များကို စျေးဝယ်များ အပေါ်သို့လွှဲချခဲ့ကြရာ ထည့် ကုန်စျေးနှုန်းများ အတွက်ရော ရောင်းစျေးများအတွက်ပါ ငွေ ကြေးဖောင်းပွမှုမှာ လေးလအတွင်း အမြင့်ဆုံး သို့ မြင့်တက်သွားခဲ့သည်။

“ငွေကြေးလဲလှယ်မှုနှုန်း ဆိုးရွားလာပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ ပြဿနာတွေကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုက ဖေဖော် ၀ါရီလမှာ စိုးရိမ်ဖွယ်ရာ အရှိန်မြင့်လာခဲ့ တယ်။ တစ်ချိန်တည်းမှာ သုံးစွဲသူများအကြား ငွေသားပြတ်တောက်မှုများနဲ့ ငွေရေးကြေး ရေးစိုးရိမ်မှုတွေ ရှိနေခြင်းကြောင့် ပြည်တွင်း စျေးကွက်ထဲက ရောင်းချမှုတွေ နှေးလာခဲ့ရပါ တယ်”ဟု စီးပွားရေးပညာရှင်  Shreeya Patel က ဆိုသည်။

နောက်ဆုံးအနေဖြင့် ကုမ္ပဏီများသည် လာမည့် ၁၂ လကာလအတွင်း ထုတ်လုပ်မှုတိုး လာမည်ဟု ယုံကြည်နေကြကြောင်း၊ သို့သော် လည်း နိုင်ငံရေးမတည်ငြိမ်မှုများ၊ ကူးစက်မြန် ကပ်ဘေးနှင့် ငွေကြေးဖောငး်ပွမှုဖိအားပေးမှု များက ယုံကြည်မှုအပေါ်သို့ ဖိစီးနေကြသော ကြောင့် အကောင်းမြင့်မှုမှာ အားနည်းလာ ကြောင်း ဖော်ပြထားသည်။

“ထုတ်လုပ်ရေးကဏ္ဍဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ ပြင်းထန်စွာထိုးနှက်ခံခဲ့ရ သော်လည်း ကျဆင်းမှုနှုန်းမှာ နောက်ဆုံးလ အနည်းငယ်အတွင်း အနည်းငယ်တည်ငြိမ် လာခဲ့ပါတယ်။ ကုမ္ပဏီများက ထုတ်လုပ်မှုတိုး တက်နိုင်ဖို့ ဆက်လက် မျှော်လင့်နေကြသော် လည်း ပြည်တွင်းအခြေအနေတွေ တိုးတက် လာမှသာ ထုတ်လုပ်မှုတွေ တိုးတက်ဖို့ ဖြစ်လာ နိုင်ပါမယ်”ဟု စီးပွားရေး ပညာရှင် Shreeya Patelက သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent