မတ်လ ၂၇ ရက် တပ်မတော်နေ့တွင်  နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့ နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်​ကျော် အနုပညာရှင်များ ပါဝင်

မတ်လ ၂၇ ရက် တပ်မတော်နေ့တွင်  နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့ နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်​ကျော် အနုပညာရှင်များ ပါဝင်
Published 27 March 2022

မတ်လ၂၇ ရက် တပ်မတော်နေ့တွင် နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်ကျော်အနုပညာရှင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ချီးမြှင့်ရာတွင် အလကာင်္ကျော်စွာဘွဲ့အား စာပေ၊ ဂီတနှင့် ရုပ်ရှင်အနုပညာနယ်ပယ်မှ ၂၅ ဦးအားချီးမြှင့်ခဲ့ပြီး ကွယ်လွန်ပြီးအနုပညာရှင်များလည်းပါဝင်ခဲ့သည်။

အလင်္ကာကျော်စွာဘွဲ့အား စည်သူဗိုလ်ကလေးတင့်အောင်၊ စာရေးဆရာ အယ်ဒီတာချုပ် ဦးကျော်ဇင်ညွန့်(တက္ကသိုလ်မြတ်သူ)၊ ဒါရိုက်တာ စာရေးဆရာ ဦးကြည်စိုးထွန်း၊ စာရေးဆရာများဖြစ်သည့် ဦးလေးမြိုင်(လေးမြိုင်)၊ ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါက်တာ သော်ကောင်း၊ ဒေါက်တာ ခင်အေး(မောင်ခင်မင် ဓနုဖြူ)၊ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ ဦးမြင့်ကြည်(တက္ကသိုလ်မြတ်စိုး)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ တက္ကသိုလ် တင်ခ၊ မောင်သာနိုး၊ သိန်းသန်းထွန်း၊ ဖိုးကျော့၊ ထွန်းရီ- ရှေးဟောင်းသုတေသီ၊ တင်မောင်မြင့်၊ ဦးထွန်းအောင်ချိန်၊ မောင်မောင်လတ်(နောင်)၊ ဦးစိန်လှိုင်(သူရဇော်)၊ မစန္ဒာ ၊ သရုပ်ဆောင် ဦးညွန့်ဝင်း၊ ဝင်းဦး၊ ကောလိပ်ဂျင်နေဝင်းနှင့် ဂီတလုလင်မောင်ကိုကို တို့အားပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူမှူထူးချွန်(ပထမဆင့်) ဆု ကို အဆိုတော် နွဲ့ယဉ်ဝင်း၊ အကယ်ဒမီး ဦးသန်းညွန့်(ပန်းသာ)၊ အကယ်ဒမီ ဇော်မင်း (ဟံသာမြေ)၊ ဒါရိုက်တာ မောင်တင်ဦး၊ သရုပ်ဆောင် ကျော်ဟိန်း၊ ရန်အောင်၊ ချိုပြုံး၊ မို့မို့မြင့်အောင်၊ဓာတ်ပုံပညာရှင် ဦးကိုကိုဌေး(ထိပ်တန်း)နှင့် ဦးချစ်မင်းလူ စသည့်အနုပညာရှင် ဆယ်ဦးကို ချီးမြှင့်ခဲ့သည်ဟု သိရသည်။

လူမှုထူးချွန်(ဒုတိယဆင့်)တွင် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များဖြစ်သည့် ဒါရိုက်တာ မောင်ဝဏ္ဏ၊  ဒေါ်မြင့်မြင့်ခိုင်၊ ရဲအောင်၊ ဦးဇော်လင်း၊ ကျော်ရဲအောင်၊ ခန့်စည်သူ၊ ဖိုးသောကြာ၊ မြတ်ကေသီအောင်၊ မေသဥ္ဇာဦး၊ ခိုင်သင်းကြည်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်၊ ယုန်လေး၊ ဦးကျောက်လုံး၊ ဦးထွန်းဝေ၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ခင်သီတာထွန်း၊ နေအောင်၊ ဦးမြင်ခိုင်(မော်ကွန်းရုပ်ရှင်)၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ နေတိုး၊ ဒါရိုက်တာ ခင်မောင်ဦး၊စိုးသိန်းထွဋ်၊ စန္ဒယားတင်ဝင်းလှိုင်၊ ဦးခင်မောင်ကြီး၊ အကယ်ဒမီ စိန်မွတ္တား၊ ဝါးခယ်မရဲမောင်၊ ဒေါ်ရီရီသန့်၊ ဦးတင်ဦးလေး၊ အတတ်ပညာရှင်များဖြစ်သည့် ဦးငြိမ်းမင်း၊ ဦးကြည်မင်းသိန်း၊ အကယ်ဒမီ ဦးကျောက်ဖြူ (ပဒေသာ)၊ ဒါရိုက်တာ တက်အောင်စိုး(ပန်းမြို့တော်) စသူတို့အား ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။