■ ပြင်သစ်လီဂူးပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 March 2022

လန်းစ် - ဘရက်စ် (မြန်မာစံတော်ချိန် မတ်လ ၅ ရက် ည ၁၀:၃၀ နာရီ)

 ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် လန်းစ်တို့ အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ပဲ အားထုတ်ပါလိမ့်မယ်။ အိမ်ကွင်းဆိုခြေပို ငြိမ်တဲ့ လန်းစ်တို့ သေချာပေါက်နိုင်ပွဲယူမှာပါ။



နိုက်စ် - PSG (မြန်မာစံတော်ချိန် မတ်လ ၆ ရက် နံနက် ၂:၃၀ နာရီ)  

PSG အသင်းက ဒီပွဲအပြီး စပိန်မြေမှာ သွားရောက်ကစားရမယ့် ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲကို အာရုံပိုရောက်နေနိုင်တယ်။ နိုက်စ်ကလည်း ကွင်းမရွေး၊ ပြိုင်ဘက်မရွေး ခပ်မာမာတုံ့ပြန်ကစားတတ်တဲ့အသင်းဖြစ်ပြီး PSG အသင်းကို ပထမအကျော့မှာ ဂိုးမရှိ သရေကစားခဲ့သလို၊ ပြင်သစ်ဖလားမှာလည်း ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့အသင်းပါ။ အခုလည်း အိမ်ကွင်းပွဲမှာ နိုက်စ်တို့အမှတ်ရအောင်ကစားဖို့ ရုန်းကန်လာနိုင်ပြီး ပွဲဆက်များနေတဲ့ PSG ဆီက အမှတ်ရဖို့ ကြိုးစားမှာပါ။ သရေကျဖို့များတဲ့ပွဲလို့ပဲ ထင်တယ်။

Most Read

Most Recent