ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက် အသုံးပြုပေးချေနိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက် အသုံးပြုပေးချေနိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်
Published 4 March 2022

ထိုင်း- မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေနိုင် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်၊ နှစ်နိုင်ငံငွေပေးချေမှု နှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့ စေရန်တို့အပြင် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ဘတ်စာရင်းကို ဘတ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေမှု ဆောင်ရွက်ခွင့်ရ သည့် ဘဏ်(Designated Bank)များတွင် ဖွင့် လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Designated Bank များအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်၊ ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များ ဆိုင်ရာလမ်းညွှန်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တွင်ယွမ်၊ ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဇော်မင်းနိုင်

Most Read

Most Recent