သီတင်းတစ်ပတ်အတွင်း COVID-19 ကူးစက်မှုနှုန်း ငါးပုံတစ်ပုံ လျော့ကျမှုနှင့်အတူ ကပ်ရောဂါအခြေအနေ မှေးမှိန်လာ

သီတင်းတစ်ပတ်အတွင်း COVID-19 ကူးစက်မှုနှုန်း ငါးပုံတစ်ပုံ လျော့ကျမှုနှင့်အတူ ကပ်ရောဂါအခြေအနေ မှေးမှိန်လာ
ဖေဖော်ဝါရီ ၁၆ ရက်က အင်ဒိုနီးရှားနို်င်ငံရှိ အိမ်သုံးပစ္စည်းရောင်းချသည့် ဆိုင်တွင် နှာခေါင်းစည်း တပ်ဆင်ထားသည့် ဆိုင်ရှင်က စျေးဝယ်သူအား စောင့်ဆိုင်းနေစဉ် (Photo : AP)
ဖေဖော်ဝါရီ ၁၆ ရက်က အင်ဒိုနီးရှားနို်င်ငံရှိ အိမ်သုံးပစ္စည်းရောင်းချသည့် ဆိုင်တွင် နှာခေါင်းစည်း တပ်ဆင်ထားသည့် ဆိုင်ရှင်က စျေးဝယ်သူအား စောင့်ဆိုင်းနေစဉ် (Photo : AP)
Published 19 February 2022
Ref : AFP

ကမ္ဘာ့ဒေသအများစုတွင် COVID-19 ကူးစက်မှုနှုန်းလျော့ကျလာပြီး သေဆုံးသူ နည်းပါးလာခြင်းနှင့်အတူ ယခုသီတင်းပတ်အတွင်း ကပ်ရောဂါအခြေအနေသည် ဆက်လက် မှေးမှိန်လာခဲ့သည်။

သုံးလခွဲအတွင်း COVID-19 ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းနေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပျမ်းမျှ အရေအတွက်သည် တတိယသီတင်းပတ်ဆက်တိုက်ကျ ဆင်းလာခဲ့ကာ ကူးစက်ခံရသူ ၁.၉၇ သန်းအ ထိ ၂၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ စစ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှုအဆင့်များ နှင့် ရေတွက်မှုများ မတူကွဲပြားသည့်အတွက် တရားဝင် ထုတ်ပြန်သည့်အရေအတွက်သည် အမှန်တကယ် ကူးစက်ခံရသူအရေအတွက်၏ တစ်စိတ်တစ်ပိုင်းသာ ရှိနိုင်သည်။

ကမ္ဘာ့ဒေသအများစုတွင် လွန်ခဲ့သည့် သီတင်းပတ်ကျော်အတွင်း ကပ်ရောဂါအခြေအနေမှာ တိုးတက်မှုရှိလာခဲ့သည်။

အမေရိကန်/ကနေဒါဇုန်တွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ၄၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီးအရှေ့အလယ်ပိုင်းတွင် ၃၅ ရာခိုင်နှုန်း၊ ဥရောပနှင့် လက်တင်အမေရိက/ကရေဘီယံဒေသတွင်  ၂၃ ရာခိုင်နှုန်းနှင့် အာဖရိကတွင် ၂၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

အာရှတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်ရာခိုင်နှုန်း ကျဆင်းမှုနှင့်အတူ ကပ်ရောဂါအခြေအနေမှာ ဆက်လက်တည်ငြိမ်လျက်ရှိသည်။

အရှေ့တောင်အာရှနှင့် သမုဒ္ဒရာပိုင်း နိုင်ငံများတွင် ယခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးအထိရောက်ရှိခဲ့သည်။ နယူးဇီလန်နိုင်ငံတွင် ဗိုင်းရပ်ကူးစက် မှုနှုန်း ၂၃၉ ရာခိုင်နှုန်း၊ ဟောင်ကောင်တွင် ၁၉၂ ရာခိုင်နှုန်း၊ မလေးရှားတွင် ၁၁၁ ရာခိုင် နှုန်း၊ ဗီယက်နမ်တွင် ၇၈ ရာခိုင်နှုန်းနှင့်တောင် ကိုရီးယားတွင် ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ဆွီဒင်သည် သီတင်းပတ်အတွင်းဗိုင်းရပ်စ်ကူးစက်မှုနှုန်းရ၈ ရာခိုင်နှုန်းအထိ အများဆုံး လျော့ကျသွားခဲ့ပြီး ကာဇက်စတန်တွင် ၅၉ ရာခိုင်နှုန်း၊ ကိုဆိုဗိုတွင် ၅၇ ရာခိုင်နှုန်း၊ ကိုလံဘီယာတွင် ၅၅ ရာခိုင်နှုန်းနှင့် ဆူရီနိမ်းတွင် ၅၄ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။

ယခုသီတင်းပတ်တွင် ရုရှား၌နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူပျမ်းမျှ ၁၈၇,၅၀၀ ရှိ ပြီး ခြောက်ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကန်၏ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ကျော်လွန် သွားခဲ့သည်။

အမေရိကန်သည် နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၉,၆၀၀ အထိ ကျဆင်းခဲ့ပြီး ကူးစက်မှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျခဲ့ကာ ဂျာမနီတွင် နေ့အလိုက် ကူးစက်သူ ၁၈၀,၉၀၀ နှုန်းဖြင့် ခြောက်ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင်COVID-19 ကြောင့် သေဆုံးမှုနှုန်းသည် သီတင်းပတ် ငါးပတ်ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် နေ့အလိုက် သေဆုံးသူပျမ်းမျှ ၁၀,၃၅၅ ဦးဖြင့်ခုနစ် ရာခိုင်နှုန်းကျဆင်းခဲ့သည်။          

Most Read

Most Recent