ရေနံဝယ်ယူရန် ငွေကြေးပြတ်လပ်နေဟု သီရိလင်္ကာ စွမ်းအင်ဝန်ကြီး ပြောကြား

ရေနံဝယ်ယူရန် ငွေကြေးပြတ်လပ်နေဟု သီရိလင်္ကာ စွမ်းအင်ဝန်ကြီး ပြောကြား
ဇန်နဝါရီ ၄ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ ဂက်စ်ဆိုင်တစ်ဆိုင်ရှေ့တွင် ဂက်စ်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
ဇန်နဝါရီ ၄ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ ဂက်စ်ဆိုင်တစ်ဆိုင်ရှေ့တွင် ဂက်စ်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 19 February 2022
Ref : AFP

သီရိလင်္ကာနိုင်ငံပိုင် ရေနံကုမ္ပဏီသည် ရေနံဝယ်ယူရန် ငွေကြေးပြတ်လပ်နေပြီး နိုင်ငံတစ်ဝန်းတွင် လောင်စာပြတ်လပ်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်သည်ဟု စွမ်းအင်ဝန်ကြီး အူဒါယာဂမ်မန်ပီလာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အရှုံးပေါ်နေသည့် နိုင်ငံပိုင် Ceylon Petroleum Corporation(CPC)သည် ငွေကြေးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်ပမှ လောင်စာများကို ဝယ်ယူနိုင်စွမ်း ရှိတော့မည်မဟုတ်ဟု ဂမ်မန်ပီလာက ဆို သည်။

“အစောပိုင်းကတော့ ကျွန်တော်တို့ဟာ ရေနံဝယ်ယူဖို့ ဒေါ်လာတွေ ပြတ်လပ်ခဲ့ပါ တယ်။ အခုတော့ ကျွန်တော်တို့ဟာ ဒေါ်လာ ဝယ်ဖို့ ရူပီးတောင် မရှိတော့ပါဘူး”ဟု ဂမ်မန် ပီလာက ကိုလံဘိုမြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သီရိလင်္ကာတွင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးအတွက် ဒီဇယ်ကို အများဆုံး အသုံးပြုပြီး မော်တော်ဆိုင်ကယ်စီးနင်းသူများ သည်လည်း ဆီဆိုင်တွင် ဆီဖြည့်ရန် ကိုလံဘို မြို့တော်အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်း နေရသည်။

ထိုအချိန်အတောအတွင်း အပူစွမ်းအင် သုံး ဓာတ်အားပေးစက်ရုံအချို့သည် လောင်စာပြတ်လပ်မှုများကြောင့် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ရသဖြင့် နိုင်ငံတစ်ဝန်းတွင် စွမ်း အင်မလုံလောက်မှုများဖြစ်စေခဲ့ကာ လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်ဖြင့်ပေးမည့် အစီအစဉ်ကို ပြန်လည်လုပ်ဆောင်ရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဂမ်မန်ပီလာ၏ ပြောကြားချက်အရ CPC သည် အစိုးရက သတ်မှတ်ပေးထားသည့် စျေးနှုန်းဖြင့် ဒီဇယ်ရောင်းချခဲ့ရာတွင် ၄၂ ရာ ခိုင်နှုန်း အရှုံးပေါ်ခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်အတွင်းမှာပင် ဒေါ်လာ ၄၁၅ သန်း အရှုံးပေါ်ခဲ့သည်ဟု ဆိုသည်။

“ရေနံရောင်းချမှုအပေါ် အခွန်ကင်း လွတ်ခွင့်ပေးရင်တောင် ကျွန်တော်တို့ရဲ့ ငွေကြေးအရှုံးပေါ်မှုကို မကာမိစေနိုင်ပါဘူး။ ရေနံစျေးကို မတိုးမြှင့်ရင် ဒါမှမဟုတ် ငွေကြေးအရ ကူညီထောက်ပံ့မှုတွေမရှိဘူးဆိုရင် စွမ်း အင်ပြတ်လပ်မှုအခြေအနေ ပိုမိုဆိုးရွားလာ မှာသေချာပါတယ်” ဟု ဂမ်မန်ပီလာက ပြော ကြားခဲ့သည်။ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

သီရိလင်္ကာတွင် နိုင်ငံခြားငွေကြေး ပြတ်လပ်ခဲ့မှုသည် နိုင်ငံအတွင်း ရေနံလိုအပ်ချက် များကို သွင်းကုန်အပေါ်တွင်သာ အလုံးစုံမှီခိုနေရသည့် စွမ်းအင်ကဏ္ဍအတွက် ဆိုးရွားစွာ အကျိုးသက်ရောက်ခဲ့သည်။

ယင်းကဲ့သို့ လောင်စာပြတ်လပ်မှုများကြောင့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ လည်ပတ်မှုရပ်ဆိုင်းသွားခဲ့ကာ နိုင်ငံတစ်ဝန်းတွင် ကြိုတင်ကြေညာခြင်းမရှိ သည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ သီရိလင်္ကာ၏ စီးပွားရေး ကြောင့် စားနပ်ရိက္ခာရှားပါးမှုများဖြစ်ပေါ် နေပြီး စူပါမားကက်များတွင် ဆန်အပါအဝင်  အခြေခံစားသောက်ကုန်များကို ခွဲတမ်းဖြင့် ရောင်းချနေရသည်။ ထို့ပြင် မော်တော်ယာဉ် အပိုပစ္စည်းများနှင့် ဘိလပ်မြေများမှာလည်း ပြတ်လပ်လျက်ရှိသည်။

ယင်းကဲ့သို့ စားသောက်ကုန်နှင့် လူသုံး ကုန်များပြတ်လပ်မှုကြောင့် သီရိလင်္ကာတွင် ပြီးခဲ့သည့်လအတွင်းက ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ထို့ပြင် နိုင်ငံခြားငွေကြေးလဲလှယ်မှုတွင် အဓိကကျသည့် ခရီးသွားကဏ္ဍမှာလည်း COVID-19 ကပ်ရောဂါကြောင့် ယိုယွင်းခဲ့သည်။

Most Read

Most Recent