တောင်ကိုရီးယားနိုင်ငံတွင် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ရမည့်စည်းမျဉ်းများကြောင့် စီးပွားရေးအပေါ် စိုးရိမ်မှုများရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားမှုနှင့် အတူ ဖေဖော်ဝါရီ ၁၇ ရက်က နေ့အလိုက်ဗိုင်း ရပ်စ်ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော် ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့်တိုင် အစိုးရက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများကို ဖြေလျှော့သွားမည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တောင်ကိုရီးယားတွင် ဖေဖော်ဝါရီ ၁၇ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၉,၈၃၁ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ယင်းအရေအတွက်သည် လာမည့်လအတွင်းနေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၀,၀၀၀ အ ထိ မြင့်တက်ရောက်ရှိနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်နေသော်လည်း ဆိုးလ်မြို့တော် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များအား ည ၁၀ နာရီအထိ ဖွင့်လှစ်ခွင့်ပြုမှုအပါအဝင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးသွားမည် ဟု ပြောကြားခဲ့သည်။
“ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့စီးပွားရေး အခက်အခဲ ပိုမိုနက်နဲကျပ်တည်းလာတာ ကို ထည့်သွင်းစဉ်းစားပေးတဲ့အနေနဲ့ အနည်းဆုံး ညှိနှိုင်းပေးလို့ရတဲ့အရာတွေကို မလွှဲမသေ လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့တွေဆုံး ဖြတ်ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ် ကင်ဘိုကွမ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ အပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ဗိုင်းရပ်စ်ထိတွေ့မှုကို ခြေရာခံရန် လက်ရေးဖြင့် ရေးသားထားသည့် ဧည့်သည်စာရင်းပြုစုမှုကို လိုအပ်ချက်ကိုဖြေ လျှော့သွားမည်ဟု တာဝန်ရှိသူများကပြော ကြားခဲ့သည်။တောင်ကိုရီးယားနိုင်ငံ၏အ ရွယ်ရောက်ပြီးသူအများစုသည် COVID-19ကာကွယ်ဆေးအပြင် ထပ်တိုးကာကွယ် ဆေးများ ထိုးနှံထားပြီး ဖြစ်ကာ နိုင်ငံ့လူဦးရေ ၅၂ သန်းတွင် ကူးစက်မှုနှုန်း စံချိန်တင်မြင့် တက်နေသော်လည်း ဗိုင်းရပ်စ်ကြောင့်လူသေ ဆုံးမှုနှုန်းမှာ ဆက်လက်လျော့နည်းလျက်ရှိသည်။
“ကျွန်တော်တို့အနေနဲ့ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ ထိတွေ့သူခြေရာခံ ကောက်ယူမှု စီမံခန့်ခွဲရေးတွေနဲ့ ကူးစက် နိုင်ခြေ မြင့်တဲ့လူအုပ်စုအပေါ် အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့စုံစမ်းမှုဟာ အခုချိန်မှာတော့ ထိရောက်မှု မရှိဘူးလို့ သက်သေပြနေပါတယ်֨”ဟုကျန်း မာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးဖြစ်သည့် လီကီအေးလ်က ပြောကြားခဲ့သည်။
အိုမီခရွန်ကူးစက်မှု သိသိသာသာမြင့်တက်နေခြင်းသည် ၎င်း၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ယိုယွင်းလာစေရန်ခြိမ်းခြောက်နေချိန်တွင် ဆိုးလ်မြို့တော်သည်ယခုလ အစောပိုင်း၌ ၎င်း၏ နာမည်ကြီးသောခြေရာခံခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့သည် ဟု ၎င်းကပြောကြားခဲ့သည်။














