အိန္ဒိယတွင် ၂၀၀၈ ဗုံးခွဲတိုက်ခိုက်မှုများနှင့်စပ်လျဉ်းပြီး လူ ၃၈ ဦးကို သေဒဏ်ချမှတ်

အိန္ဒိယတွင် ၂၀၀၈ ဗုံးခွဲတိုက်ခိုက်မှုများနှင့်စပ်လျဉ်းပြီး လူ ၃၈ ဦးကို သေဒဏ်ချမှတ်
၂၀၀၈ ခုနှစ် ဇူလိုင် ၂၇ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံ အာမီဒါဘက်မြို့ရှိ ဆေးရုံတစ်ရုံအပြင်ဘက်တွင် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ စုစည်းရှာဖွေနေစဉ် Photo : AFP
၂၀၀၈ ခုနှစ် ဇူလိုင် ၂၇ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံ အာမီဒါဘက်မြို့ရှိ ဆေးရုံတစ်ရုံအပြင်ဘက်တွင် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ စုစည်းရှာဖွေနေစဉ် Photo : AFP
Published 18 February 2022
Ref : AFP

အိန္ဒိယနိုင်ငံ အနောက်ဘက် အာမီဒါ ဘက်မြို့တွင် ၂၀၀၈ ခုနှစ်က လူပေါင်းဒါဇင် ချီသေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်များ နှင့်စပ်လျဉ်းပြီး တရားရုံးတစ်ရုံးက ဖေဖော်ဝါ ရီ ၁၈ ရက်တွင် လူ ၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။

ဂူဂျာရက်ပြည်နယ်၏ စီးပွားရေးအချက် အချာဖြစ်သည့် အာမီဒါဘက်မြို့တွင် စျေးများ၊ ဘတ်စ်ကားများနှင့် အခြားပြည်သူပိုင် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် လူပေါင်း ၅၆ ဦးသေဆုံးခဲ့သည့် ယင်းဗုံးခွဲတိုက် ခိုက်မှုများနှင့်ပတ်သက်ပြီး တရားရုံးက ဖေဖော်ဝါရီ ၈ ရက်တွင် လူ ၄၉ ဦးကို စီရင်ချက်ချ ခဲ့သည်။

“အထူးတရားသူကြီး အေအာရ်ပက်တယ်လ်ဟာ စီရင်ချက်ချခဲ့သူ ၄၉ ဦးထဲက ၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ ၁၁ ဦးကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်” အထူး အစိုးရရှေ့နေ အမ်မစ်ပက်တယ်လ်က ပြောကြားခဲ့သည်။

ယင်းဗုံးခွဲတိုက်ခိုက်မှုများသည် ၎င်းတို့ လုပ်ဆောင်မှုဖြစ်သည်ဟု အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့က ကြေညာခဲ့ပြီး ဂူဂျာရက်ပြည်နယ် တွင် ၂၀၀၂ ခုနှစ်က လူပေါင်း ၁၀၀၀ ခန့်သေ ဆုံးစေခဲ့သည့် ဘာသာရေး အဓိကရုဏ်းများ အတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြော ကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး လူပေါင်း ၈၀ နီးပါး တရားစွဲခံခဲ့ရသော်လည်း ၂၈ ဦးမှာ တရားသေ ပြန်လည်လွတ်မြောက်ခဲ့ သည်ဟု အစိုးရရှေ့နေ အမ်မစ်ပက်တယ်လ် က ပြောကြားခဲ့သည်။

စီရင်ချက်ချမှတ်ခံခဲ့ရသူအားလုံးသည် လူသတ်မှု၊ ပြစ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုများ ဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းအမှုကို ဆယ်စုနှစ်တစ်စုနီးပါးကြာ မနားမနေစစ်ဆေးခဲ့ပြီး မျက်မြင်သက်သေ ၁၁၀၀ ကျော်ခန့် သက်သေထွက်ဆိုခဲ့ကြသည်။ တရားစွဲခံရသူများအနက် လေးဦးမှာ ၎င်းတို့၏ ထွက်ဆိုချက်များကို ပြန်လည်ရုပ် သိမ်းမှုများကြောင့် တရားရေးအရ ရင်ဆိုင်မှုများအပါအဝင် လုပ်ထုံးလုပ်နည်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သည်။

၂၀၀၃ ခုနှစ်ကလည်း တရားခံတစ်ဒါ ဇင်ကျော်သည် ပန်းကန်ပြားများကိုအသုံးပြုပြီး မြေအောက်လိုဏ်ခေါင်းတူးကာ ထောင်ဖောက်ပြေးမည့် အစီအစဉ်ကို ရဲတပ်ဖွဲ့က ဖော်ထုတ်သိရှိပြီး တားဆီးနိုင်ခဲ့သည်။

စွပ်စွဲခံခဲ့ရသူ ၇၇ ဦးလုံးသည် နှစ်ပေါင်းများစွာကြာ အချုပ်ချခံခဲ့ရပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ စိတ်ကျန်းမာရေးချို့တဲ့မှုကြောင့် အာမခံဖြင့်လွတ်မြောက်ခဲ့သည်။

၂၀၀၂ ခုနှစ်က အာမီဒါဘက်မြို့တွင်  ဘာသာရေးအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။

ယင်းအချိန်က ဂူဂျာရက်ပြည်နယ်ဝန် ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် ယင်းဆူပူအုံကြွမှုများကို လျစ်လျူရှုခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။၂၀၀၈ ခုနှစ်ကလည်း အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့တော်နှင့် မြောက်ဘက်ပိုင်း ဂျာအီပူရမြို့တို့တွင် လူပေါင်း ဒါဇင်ချီ သေဆုံးခဲ့သည့် တိုက်ခိုက်မှုများအပါအဝင် အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့က ၎င်းတို့၏လုပ်ဆောင်မှုဟု ကြေညာခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ယင်းနှစ် နိုဝင်ဘာလမှာပင် မွမ်ဘိုင်း မြို့၌ လူပေါင်း ၁၆၆ ဦးသေဆုံးစေခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ယင်း တိုက်ခိုက်မှုများကို ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိိန္ဒိယက စွပ်စွဲခဲ့သည်။

Most Read

Most Recent