စစ်ရေးလေ့ကျင့်ရန် အမေရိကန် စစ်သားများ ဆလိုဗက်ကီးယားနိုင်ငံကို ရောက်ရှိလာ

စစ်ရေးလေ့ကျင့်ရန် အမေရိကန် စစ်သားများ ဆလိုဗက်ကီးယားနိုင်ငံကို ရောက်ရှိလာ
Published 18 February 2022
Ref: AFP

ရုရှားနှင့် ဒေသဆိုင်ရာ တင်းမာမှုများ မြင့်တက်နေကာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဆလိုဗက်ကီးယားတွင် အမေရိကန်ဆန့်ကျင်ရေး သဘောထားများပေါ်ပေါက်နေချိန် နိုင်ငံစုံပါဝင်သော စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဖေဖော်ဝါရီ ၁၇ ရက်တွင် အမေရိကန် စစ်သားများ ဆလိုဗက်ကီးယားနိုင်ငံကို ရောက်ရှိလာခဲ့သည်။

“The Sabar Strike စစ်ရေးလေ့ကျင့်မှုဟာ နေတိုးမဟာမိတ် နိုင်ငံတွေအကြားမှာ ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်ရေးကို အလေးထားမှာဖြစ်ပါတယ်”  ဟုဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဒန်နီရယ်ဇမီကိုက သတင်းထောက်များကို ပြောကြားသည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သား ၁၂၀၀ နှင့် ယာဉ်  ၅၀၀ ပါဝင်မည်ဖြစ်သည်။ ပထမဆုံးယာဉ် န်းသည် ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်း တွင် ဂျာမနီမှ ဆလိုဗက်ကီးယားနိုင်ငံကို ဆိုက်ရောက်လာခဲ့သည်။

ယူကရိန်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် ရုရှားတို့ အကြား ပြင်းထန်သော တင်းမာမှုများ ဖြစ် ပေါ်နေချိန်တွင် ယခုစစ်ရေးလေ့ကျင့်မှုကို ဆလိုဗက်ကီးယားနိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။

 

Most Read

Most Recent