တယ်လီနောမြန်မာ သုံးစွဲသူများ၏ အချက်အလက်များအား နစကထံ လွှဲပြောင်း ပေးရမည့်ကိစ္စကို နော်ဝေအစိုးရက ဟန့်တားနိုင်မည် မဟုတ်ဟု နော်ဝေ စက်မှုဝန်ကြီး ပြောကြား

တယ်လီနောမြန်မာ သုံးစွဲသူများ၏ အချက်အလက်များအား နစကထံ လွှဲပြောင်း ပေးရမည့်ကိစ္စကို နော်ဝေအစိုးရက ဟန့်တားနိုင်မည် မဟုတ်ဟု နော်ဝေ စက်မှုဝန်ကြီး ပြောကြား
Published 17 February 2022
Ref: CNA

ဆက်သွယ်ရေးလုပ်ငန်းတယ်လီနော၏ မြန်မာနိုင်ငံလုပ်ငန်းခွဲထံမှ သုံးစွဲသူအချက်အ လက်များအား နစကသို့ လွှဲပြောင်းပေးမှုကို နော်ဝေအစိုးရက တားဆီးပေးနိုင်မည်မဟုတ် ဟု ဖေဖော်ဝါရီ ၁၆ ရက်တွင် နော်ဝေစက်မှု ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

နော်ဝေအစိုးရက အများစုပိုင်ဆိုင်သော တယ်လီနောသည် မြန်မာနိုင်ငံရှိ မိမိလုပ်ငန်းများကို ရောင်းချပြီးနောက် မြန်မာနိုင်ငံရှိ တယ်လီနောသုံးစွဲသူ ၁၈ သန်း၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များကို အကာအ ကွယ်ပေးရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူအချို့နှင့် လူ့အခွင့်အရေး အုပ်စုအချို့၏ ဖိအားပေးခြင်း ခံနေရသည်။

နော်ဝေစက်မှုဝန်ကြီးဌာနသည် တယ်လီနောတွင် နိုင်ငံတော်၏ အစုရှယ်ယာများကို ကြီးကြပ်သည့် တာဝန်ယူထားသည်။

“မြန်မာနိုင်ငံမှာ လုပ်ငန်းခွဲ ရှိထားတဲ့ ဆယ်သွယ်ရေးလုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင်အနေနဲ့ များပြားလှတဲ့အချက်အလက်တွေ နစက လက်ထဲ ရောက်သွားမှာကို တားဆီးလို့မရနိုင်ပါဘူး”ဟု စက်မှုဝန်ကြီး ဂျန်ခရစ်တီယန်ဗက်ထရီက လွှတ်တော်သို့ ပြောကြားခဲ့သည်။

ကြားဖြတ်စောင့်ကြည့်သည့် နည်းပညာ ကို အသုံးပြုရန် နစကထံမှ အဆက်မပြတ် ဖိအားပေးခံခဲ့ရပြီးနောက် တယ်လီနောအနေ ဖြင့် ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရန် မိမိ၏ လုပ်ငန်းများကို ရောင်းချခဲ့ သည်ဟု စက်တင်ဘာလထဲတွင် ရိုက်တာ သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်တွင် တပ်မတော်က နိုင်ငံ တော်အာဏာကိုလွှဲပြောင်းရယူခဲ့ပြီးနောက် တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံမှ ထွက်ခွာရန် ကုမ္ပဏီအ တွက် ဘေးအကင်းဆုံးနည်းလမ်းမှာ ကုမ္ပဏီ ၏ လုပ်ငန်းများကို ရောင်းချခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၆ ရက်တွင် ရိုက်တာသတင်းဌာန သို့ အီးမေးလ်ဖြင့်ပို့ခဲ့သော ထုတ်ပြန်ချက်တွင် တယ်လီနောက ဖော်ပြခဲ့သည်။

 “မြန်မာနိုင်ငံကနေ ကျွန်တော်တို့ ထွက် ခွာမယ်ဆိုတာကို နားလည်တယ်လို့ ပြိုင်ဘက် တချို့က ပြောပါတယ်။ ဒါပေမဲ့ ပိုင်ရှင်သစ်ထံ လုပ်ငန်းကို မလွှဲပေးမီ လုပ်ငန်းပိတ်ဖို့၊ အချက် အလက်တွေကို ဖျက်ပစ်ဖို့ ကျွန်တော်တို့ကို မေတ္တာရပ်ခံခဲ့ကြပါတယ်။ ဒါမှမဟုတ် အ ချက်အလက်တွေကို ဖျက်ဖို့ ပြောခဲ့ကြပါ တယ်”ဟု တယ်လီနောမြန်မာ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့့ရဲ့ဝန်ထမ်းတွေအပေါ် သိသာထင်ရှားတဲ့ အန္တရာယ်မကျရောက်စေ ဘဲ  ဒါ (အချက်အလက်ဖျက်ပစ်ခြင်း) ကို ကျွန် တော်တို့ လုပ်လို့မရနိုင်ဘူး။ နစကရဲ့ တိုက် ရိုက်ညွှန်ကြားချက်တွေ ဒါမှမဟုတ် ထုတ်ပြန် ထားတဲ့ ဒေသန္တရအမိန့်တွေကို ကျွန်တော် တို့ဘက်က မတုံ့ပြန်ဘူးဆိုရင် လက်မခံနိုင်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်”ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကိစ္စကို မှတ်ချက်ပေးရန် ရိုက်တာ သတင်းဌာနက မေတ္တာရပ်ခံခဲ့သည်ကို နစက က ချက်ချင်းဖြေကြားခြင်းမရှိပေ။

 မြန်မာနိုင်ငံရှိ တယ်လီနောလုပ်ငန်း အများစုကို ဝယ်ယူရန် မြန်မာကုမ္ပဏီ ရွှေဗျိုင်း ဖြူကို နစကçက ခွင့်ပြုပေးခဲ့သည်ဟုသိရပြီး  မကြာမီ အပြီးသတ်ဝယ်ယူမည်ဟု ဖေဖော် ၀ါရီ ၁၁ ရက်တွင် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

လုပ်ငန်းလွှဲပြောင်းမှုကြောင့် ပြည်သူ၁၈ သန်း၏ အချက်အလက်များကို နစက လက် လှမ်းမီသည့်အနေအထားဖြစ်သွားနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့အချို့က ပြောကြားခဲ့ ကြသည်။ ထို့ကြောင့် လုပ်ငန်းရောင်းချခြင်း ကို ရပ်ဆိုင်းရန် တောင်းဆိုသည့် ဆန္ဒပြမှုအ ချို့ မကြာသေးမီ ရက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ သည်။                                             

Most Read

Most Recent