ရှန်ကျန်းနှင့် ပတ်သက်၍ လိမ်လည် ပြောဆိုမှုများကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ပေကျင်းအိုလံပစ်ပြိုင်ပွဲစီစဉ်သူများက ဝေဖန် လိုက်ပြီး ထိုင်ဝမ်နှင့်စပ်လျဉ်း၍ တရုတ်၏ သဘောထားကို၎င်းတို့က ထပ်လောင်း ပြောဆိုခဲ့ကြကာ အားကစားပြိုင်ပွဲကို နိုင်ငံရေးပုံ စံဖြစ်အောင်လုပ်ဆောင်နေခြင်းကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်အနောက်မြောက်ပိုင်း ရှန်ကျန်း ဒေသရှိ အများအားဖြင့်ဝီဂါမွတ်စလင်လူ နည်းစု၏ကံကြမ္မာဟုဆိုနိုင်သည့် တရုတ်လူ့အခွင့်အရေးစိုးရိမ်းမှုများကြောင့်ဟုဆိုကာ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အပေါ် အနောက်နိုင်ငံအချို့၏ သံတမန်ရေးရာသပိတ်ကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ခဲ့သည်။
တရုတ်မြို့တော်ပေကျင်းက လက်ခံ ကျင်းပသော အိုလံပစ်ပြိုင်ပွဲ ပြင်ဆင်မှုများကို လူ့အခွင့်အရေးပြဿနာများက လွှမ်းမိုးနေခဲ့သည်။ ထို့အပြင် နိုင်ငံတကာအိုလံပစ်ကော် မတီ (IOC)ပြောရေးဆိုခွင့်ရှိသူနှင့် နယ်ခံ ပြိုင်ပွဲစီစဉ်ကျင်းပရေးကော်မတီမှ တာဝန်ရှိ သူများ တက်ရောက်ကြသည့် ပုံမှန် နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါလူ့အခွင့် အရေးပြဿနာများသည် ရှေ့တန်းသို့ ပြန် ရောက်လာခဲ့သည်။
တရုတ်နိုင်ငံ ရှန်ကျန်းရှိ စခန်းများတွင် အနည်းဆုံး ဝီဂါမွတ်စလင်တစ်သန်းနှင့် တူရကီဘာသာစကားပြောသော အခြားမွတ်စလင်များ အကျဉ်းချခံထားရသည်ဟု စည်းရုံး လှုံ့ဆော်သူများက ပြောကြားလျက်ရှိသည်။ ထို့အပြင် အမျိုးသမီးများကို အတင်းအကျပ် သားကြောဖြတ်စေခြင်းနှင့် အတင်းအကျပ် စေခိုင်းခြင်းတို့ ရှိနေသည်ဆိုသော စွပ်စွဲပြော ဆိုမှုများလည်းရှိနေသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်ပသတင်းထောက်များက ရှင်ကျန်းကိစ္စကို နှစ်ကြိမ်မေးမြန်းခဲ့ပြီးနောက် ၂၀၂၂ ပေကျင်းအို လံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီ ပြောရေး ဆိုခွင့်ရှိသူ ယန်ကျယ်ရွန်က “ဒီပြဿနာတွေ ဟာ ဆောင်းရာသီအားကစားပြိုင်ပွဲနဲ့ မသက်ဆိုင်ပေမယ့်လည်းကျွန်မကတော့အဲ့ဒီကိစ္စတွေကို မလွှဲသာဘဲ ထပ်မံဖြေကြားပေးပါ မယ်”ဟု ပြောကြားခဲ့သည်။
“ဒီပြဿနာတွေဟာ အလိမ်အညာ တွေအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အာဏာပိုင်အချို့ကတော့ ခိုင်မာတဲ့အထောက်အထားအများအပြားနဲ့အတူ အဲ့ဒီလို သတင်းမှားတွေကို ငြင်းပယ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။
ရှင်ကျန်းနှင့် ပတ်သက်၍ တမင်ရည်ရွယ်သော အုပ်စုများက လုပ်ဆောင်သည့် အလိမ်အညာများဖြစ်သည်ဟု ယန်ကျယ်ရွန် က ပြောကြားခဲ့ပြီး သတင်းမှား ပြောဆိုသော အဆိုပါအုပ်စုများကိုလည်း သူက ဝေဖန်ခဲ့ သည်။
ဝီဂါမွတ်စလင်များအပေါ် ပြုမူဆက်ဆံ ပုံများနှင့် စပ်လျဉ်း၍ စွပ်စွဲပြောဆိုမှုအားလုံး ကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ငြင်း ဆန်ထားပြီး ပညာပေးစခန်းများမှာ အစ္စလာမ်မစ်အစွန်းရောက်ဝါဒအပေါ် စိတ်ဝင်စားမှု ကို လျှော့ချရန် ရည်ရွယ်သော အသက်မွေး ဝမ်းကျောင်းဆိုင်ရာလေ့ကျင့်ရေးစခန်းများ သာဖြစ်သည်ဟု ပြောကြားသည်။
ထိုင်ဝမ်အရေးမေးခွန်းကိုလည်း အရေး မပါသော မေးခွန်းဟု ယန်က ပြောကြားခဲ့ သည်။ မိမိဘာသာ ဒီမိုကရေစီနည်းဖြင့် အုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ်က မိမိ ပိုင်နက်ဖြစ်သည်ဟု ပြောကြားထားပြီး တစ် ချိန်ချိန်တွင် ပြန်လည်သိမ်းယူရမည့် ပိုင်နက် ဟုပြောကြားထားသည်။
အိုလံပစ်ပြိုင်ပွဲများတွင် ထိုင်ဝမ်အား ကစားသမားများသည် တရုတ်တိုင်ပေ အမည်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။
Ref : AFP














