ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း COVID-19ဖြစ်ပွားမှု ၁၉ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး  သေဆုံးမှု လေးရာခိုင်နှုန်းမြင့်တက်ခဲ့

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း COVID-19ဖြစ်ပွားမှု ၁၉ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး  သေဆုံးမှု လေးရာခိုင်နှုန်းမြင့်တက်ခဲ့
ဖေဖော်ဝါရီ ၁၅ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ COVID-19 စစ်ဆေးပေးနေသည့်နေရာတွင် လူများတန်းစီစောင့်ဆိုင်းနေစဉ် (Photo – AP)
ဖေဖော်ဝါရီ ၁၅ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ COVID-19 စစ်ဆေးပေးနေသည့်နေရာတွင် လူများတန်းစီစောင့်ဆိုင်းနေစဉ် (Photo – AP)
Published 17 February 2022

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကမ္ဘာ တစ်ဝန်း COVID-19ဖြစ်ပွားမှု ၁၉ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး သေဆုံးမှု လေးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19ဆိုင်ရာ အပတ်စဉ်အစီရင်ခံ စာတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက် ဖြစ်ပွားမှုမှာ ယခင်ရက်သတ္တပတ်ထက် ဖြစ်ပွားမှု လျော့ကျပြီး သေဆုံးမှုပြန်လည်မြင့်တက်ကာ တစ်ပတ်အတွင်း လူနာသစ် ၁၆၀၉၇၆၄၂ ဦးနှင့် သေဆုံးသူ ၇၄၄၉၄ ဦးရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ရောဂါဖြစ် ပွားမှုအရ Europe region ၌ ၁၆ ရာခိုင်နှုန်း၊ Americas region တွင် ၃၂ ရာခိုင်နှုန်း၊ South- East Asia region ၌ ၃၇ ရာခိုင်နှုန်း၊ Africa region ၌ ၃၀ ရာခိုင်နှုန်း၊ East Mediterranean  တွင် ၁၂ ရာခိုင်နှုန်း လျော့ ကျခဲ့ပြီး  Western Pacific region တွင် ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးမှုအရ Europe region တွင် တစ်ရာခိုင်နှုန်း၊ Americas region ၌  ငါးရာခိုင်နှုန်း၊ South-East Asia region တွင် ၃၈ ရာခိုင်နှုန်း၊ Africa region တွင်၂၇ ရာခိုင်နှုန်း၊ East Mediterranean တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Western Pacific region တွင် ကိုးရာခိုင်နှုန်း လျော့ကျခဲ့ ကြောင်း သိရသည်။        

ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်လုံးအပြည့်ထိုး နှံပြီးသည့်မိခင်များက မွေးဖွားလာသော ကလေးငယ်များသည် ပြင်းထန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသည့်အခြေအနေမှ ၆၀ ရာခိုင် နှုန်းနီးပါး  အကာအကွယ်ရရှိဖွယ်ရှိသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သုတေသနလေ့လာတွေ့ရှိချက်အသစ်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း အချင်း မှနေ၍ပဋိပစ္စည်းများ လွှဲပြောင်းရရှိပြီး မွေးဖွားပြီးနောက် နို့တိုက်ရာမှတစ်ဆင့် ပဋိ ပစ္စည်းများရရှိခြင်းကြောင့် ယင်းသက်ရောက်မှု  ဖြစ်ပေါ်နိုင်သည်ဟု ယူဆထားကြသော်လည်း လက်တွေ့တွင်မူ ယနေ့အချိန်အထိ ခိုင်လုံသည့်အထောက်အထား မရှိသေးပေ။

CDC က ၂၀၂၁ ခုနှစ် ဇူလိုင်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကလေးဆေးရုံ ၂၀ ခန့်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ သည့် ခြောက်လသားအရွယ်အထိ မွေးကင်းစ ကလေးငယ်ပေါင်း ၃၇၉ ဦးကို သုတေသန လေ့လာမှု ပြုလုပ်ခဲ့သည်။

ယင်းလေ့လာမှု၌ COVID-19ကာ ကွယ်ဆေး ထိုးနှံပြီးသည့်မိခင်များမှမွေးဖွား လာသော COVID-19ရောဂါကြောင့်ဆေး ရုံတက်ရောက်မှု ခံယူရသည့် မွေးကင်းစကလေးငယ် ၁၇၆ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံ ပြီးသည့်မိခင်များမှ COVID-19 နှင့်ဆက်နွှယ်မှုမရှိဘဲ ဆေးရုံတက်ရောက်ကုသမှုခံယူ ရသည့်မွေးကင်းစကလေးငယ် ၂၀၃ ဦးရှိ ကြောင်း တွေ့ရှိခဲ့သည်။

၎င်းသည် တူညီသော ၀ိသေသလက္ခဏာများရှိသည့် လူနာများကို စစ်ဆေးရန် ကြိုးပမ်းသော လက်တွေ့ကမ္ဘာတွင်အသုံးပြု နေသည့် စာရင်းအင်းနည်းလမ်းတစ်ရပ်ဖြစ် ပြီး အလျဉ်းသင့်သလို ဆေးဘက်ဆိုင်ရာစမ်းသပ်လေ့လာမှုများ ပြုလုပ်ရန် မဖြစ်နိုင်သည့် အခြေအနေများတွင် အသုံးပြုလေ့ရှိသည်။

ကာကွယ်ဆေးထိုးနှံပြီးသည့် မိခင်များ ကမွေးဖွားလာသော အသက်ခြောက်လ အောက် ကလေးငယ်များသည် COVID-19ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူရသည့်အခြေအနေမှ ၆၁ ရာခိုင်နှုန်း အကာအကွယ်ရရှိဖွယ်ရှိသည်ဟု CDC သုတေသီဒါနာမီရာနေး ဒယ်မန်းက ပြောကြား ခဲ့သည်။ COVID-19ရောဂါကြောင့် ဆေးရုံ တက်ရောက်ကုသမှုခံယူရသူ ကလေးငယ် ၈၄ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်ကာလအတွင်း ကာကွယ်ဆေး မထိုးနှံရသေးသည့် မိခင်များက မွေးဖွားလာကြသူများဖြစ် ကြောင်း သိရသည်။     

Most Read

Most Recent