သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ပြန်လည်လွတ်မြောက်သည့်သတင်း မဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ပြန်လည်လွတ်မြောက်သည့်သတင်း မဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက အကျဉ်းထောင်အတွင်း ရှောင်တာနယ်အား ကိုဗစ်ကာကွယ်ရေး ထိုးနှံပေးနေမှုကို တွေ့ရစဉ်။
၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက အကျဉ်းထောင်အတွင်း ရှောင်တာနယ်အား ကိုဗစ်ကာကွယ်ရေး ထိုးနှံပေးနေမှုကို တွေ့ရစဉ်။
Published 7 February 2022

မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေနှင့် လဝကဥပဒေတို့ဖြင့် ဖမ်းဆီးထားသည့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ပြန်လည်လွတ်မြောက်သည့်သတင်း မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ရှောင်တာနယ်အား ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကြားသိရသည်ဟု ကမ္ဘောဒီယားသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပြီး ယင်းသတင်းမှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“မဟုတ်ပါဘူး။ က​မ္ဘောဒီယားက ​တောင်းဆိုတာ မဟုတ်ပါဘူး။ သြစ​တျေးလျနိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီးက သူ့ကို ဆက်သွယ်ပြီး​တော့ ကျွန်​တော်တို့ ​ရှောင်တာနယ်ကို လွှတ်​ပေးဖို့ ​ပြောတဲ့အ​ကြောင်း ​ပြော​ပေးပါဆို​တော့ သူ့အ​နေနဲ့ ကျွန်​တော်တို့ကို ​တောင်းဆိုတာ မဟုတ်ပါဘူး။ သူတို့​ပြောတဲ့အတိုင်း ​ပြော​ပေးပါတယ်လို့ ​ပြောတာရှိပါတယ်။ ကျွန်​တော်တို့အ​နေနဲ့လည်း ဥပ​ဒေအရ ​ဆောင်ရွက်စရာ ရှိသမျှ ​ဆောင်ရွက်​​နေပါတယ်။ စဉ်းစား​ပေးပါမယ်။ ဒါပဲ အ​ကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ လာ​တွေ့တုန်းကတည်းက ​ပြောခဲ့တဲ့စကားပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်သည် NLD ပါတီအစိုးရလက်ထက် စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်း ၎င်းကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည်။

 

Most Read

Most Recent