ဖိလစ်ပိုင်နိုင်ငံ၏ ဂန္ဓဝင်လက်ဝှေ့သမားဟောင်း မန်နီပက်ကွီယောင်းက သမ္မတ ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပါက ၎င်း၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဏာရှင်ဟောင်းမားကို့စ် ပြုတ်ကျခဲ့ပြီးချိန်ကတည်း က ပျောက်ဆုံးနေသည့် ဒေါ်လာဘီလျံချီရှိ သည့် နိုင်ငံပိုင် ဥစ္စာဓနများကို ပြန်လည် သိမ်း ယူရန် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုမြှင့်တင် သွားမည်ဟု ဖေဖော်ဝါရီ ၄ ရက်က ကတိပြု ပြောကြားခဲ့သည်။
ပက်ကွီယောင်း၏မှတ်ချက်စကားများ သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေသည့် ၎င်း၏ ပြိုင်ဘက်ဖြစ်သူ ဖာဒီနန်မားကို့စ် ဂျူနီယာကို ထိုးနှက်ရာ ရောက်ခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သည့် ၎င်း၏ ဖခင်ဖိလစ်ပိုင်အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်သည် ဖိလစ်ပိုင်ကို ဆယ်စု နှစ်နှစ်စု ကြာ အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ၎င်းတို့ မိသားစုသည် ကလော်ဒီ မိုနေးနှင့် ပါ ဘလို ပီကာဆိုတို့၏ လက်ရာများအပါအဝင် ပန်းချီကားများ၊ အိမ်ခြံမြေများနှင့် ကျောက် မျက် ရတနာများဝယ်ယူရာတွင် ဒေါ်လာ ၁၀ ဘီလျံခန့် သုံးစွဲခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ပက်ကွီယောင်းက မေလ ၉ ရက် သမ္မတ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရခဲ့ပါက မားကို့စ်နှင့် ၎င်း၏ အပေါင်းပါများထံမှ ဒေါ်လာ ၃.၄၁ ဘီလျံခန့်တန်ဖိုးရှိသည့် နိုင်ငံပိုင် ဥစ္စာဓနများကို ပြန်လည်သိမ်းယူခဲ့သည့် ကောင်းမွန်သည့် အုပ်ချုပ်ရေးအတွက် သမ္မတဆိုင် ရာကော်မရှင် PCGG ကို လုပ်ပိုင်ခွင့်အာ ဏာ ပိုမိုအပ်နှင်းသွားမည်ဟု ပြောကြားခဲ့ သည်။
“ကျွန်တော်တို့ဟာ PCGG ကို ပိုမိုလုပ် ပိုင်ခွင့်ပေးမှာဖြစ်ပြီး အစိုးရအဖွဲ့က ပိုင်ဆိုင် တဲ့ ငွေကြေးကို အစိုးရအဖွဲ့က ပြန်လည်ရရှိ စေဖို့ လုပ်ဆောင်သွားမှာပါ” ဟု ပက်ကွီ ယောင်းက သမ္မတရွေးကောက်ပွဲဝင်ကိုယ်စား လှယ်လောင်းများ ဖိုရမ်တွင် ပြောကြားခဲ့ပြီး ပေါင်ပေါင်ဟု လူသိများသည့် မားကို့စ် ဂျူနီ ယာမှာမူ ပွဲအချိန်ဇယားများတိုက်နေသည်ဟု ပြောကြားကာ ယင်းဖိုရမ်သို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
“ကျွန်တော်တို့နိုင်ငံဆင်းရဲနေရတဲ့ အကြောင်းရင်းကတော့ အစိုးရအဖွဲ့ထဲမှာ သူခိုး တွေရှိနေလို့ပါပါ။ အဲဒါကြောင့် ကျွန်တော်တို့ ဟာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့လို အပ်နေတာပါ” ဟု မတူညီသည့် ၀ိတ်တန်းရှစ်ခုတွင် ချန်ပီယံခါးပတ်များရရှိခဲ့သည့် ကမ္ဘာ ကျော်လက်ဝှေ့သမားဟောင်းဖြစ်ပြီး အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ပက်ကွီ ယောင်းက ပြောကြားခဲ့သည်။
၎င်း၏ပြောကြားချက်နှင့်ပတ်သက်ပြီး မားကို့စ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က မှတ် ချက်ပေးရန်တောင်းဆိုချက်ကို ချက်ချင်းတုံ့ ပြန်ခြင်းမရှိခဲ့ပေ။
ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင်မူ မားကို့စ်က ၎င်းင်း၏ မိသားစုနှင့် ဆက်နွှယ်သည့် ပိုင်ဆိုင်မှုများ အပေါ် တရားရုံး၏ စီရင်ချက်များကို လက်ခံ ကြောင်းနှင့် ၎င်းင်းအနေဖြင့် တရားဥပဒေနှင့် တရားရုံးဆုံးဖြတ်ချက်များကို လေးစားလိုက် နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တွင် ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့ သည့် တော်လှန်ရေးကြောင့် မားကို့စ်မိသားစု သည် နိုင်ငံအတွင်းမှထွက်ပြေးခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင် ဖိလစ်ပိုင်သို့ ပြန်လည် ရောက်ရှိလာခဲ့ကာ မားကို့စ်မိသားစုသည် ဖိ လစ်ပိုင်နိုင်ငံရေးလောကတွင် သြဇာလွှမ်းမိုး ထားနိုင်ဆဲဖြစ်သည်။














