တရုတ်သမ္မတ ရှီကျင်းပင်သည် နှစ်နှစ်နီးပါးအတွင်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ပြုလုပ်သည့် အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ပြီး ယင်းအစည်းအ ဝေးတွင် ပူတင်က အနောက်နိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်နှင့် ရုရှားအကြား နီးစပ်သည့်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့သည်။
ရှီသည် တရုတ်တွင် COVID-19 ကပ်ရောဂါစတင်ပျံ့နှံ့ခဲ့ပြီး ရောဂါကူးစက်မှုများကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့သည့် ဝူဟန်မြို့ကို လော့ဒေါင်းချခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက တရုတ်နိုင်ငံမှ ထွက်ခွာခြင်းမရှိခဲ့ပေ။
ယခုအခါ တရုတ်သည် အာဏာအပျော့ အောင်ပွဲရရန်နှင့် သံတမန်နည်းအရ သပိတ်မှောက်မှုနှင့် ကိုဗစ် စိုးရိမ်မှုများကို အာရုံလွှဲနိုင်မည်ဟု မျှော်လင့်ထားသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင် ၂၀ ကျော်မှာ တရုတ်သို့ ရောက်ရှိလာချိန်တွင် ရှီသည် ဒီမိုကရေစီလှုပ် ရှားမှုများကို ရုတ်တရက်ဆိုသလို ပျာပျာသလဲ လုပ်ဆောင်နေသည်။
အနောက်နိုင်ငံများ၏ မြင့်တက်နေသည့် ဝေဖန်မှုများကို ရင်ဆိုင်ရန် ၎င်းတို့၏ ဆက်ဆံမှုကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် ရှီနှင့် ပူတင်တို့သည် ဇန်နဝါရီ ၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။
ရုရှားနှင့် တရုတ်ဆက်ဆံရေးသည် မိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာ ဆက်ဆံရေး လမ်းကြောင်းတစ်လျောက် မကြုံစဖူးအခြေအနေအထိ တိုးတက်ကောင်းမွန်နေသည်ဟု ပူတင်က ၎င်းတို့၏ အစည်းအဝေးပွဲ အစတွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။
ရုရှားနှင့် တရုတ်တို့သည် ဂုဏ်သိက္ခာရှိသည့် ဆက်ဆံရေးတစ်ခု၏ ဥပမာတစ်ခု ဖြစ်သည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။
ထို့ပြင် ရုရှား၏ အရှေ့ဖျားဒေသမှ သဘာဝဓာတ်ငွေ့ ၁၀ ဘီလျံ ကုဗမီတာကို တရုတ်နိုင်ငံကို ထောက်ပံ့ပေးရန်အတွက် စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ပူတင်က ရှီနှင့် အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။
ရုရှားအရာရှိများသည် တားမြစ်ဆေး အရှုပ်တော်ပုံကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရချိန်တွင် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်၏ ဖိတ်ကြားချက်ကို လက်ခံရရှိပါက ယင်းအားကစားပြိုင်ပွဲကို တက်ရောက်နိုင်သည်။
အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာမှုများကြောင့် တရုတ်နှင့်ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည့် ပူတင်သည် ပေကျင်းအိုလံပစ်ကို တက်ရောက်ရန် အတည်ပြုသည့် ပထမဆုံး ပြည်ပခေါင်းဆောင်တစ်ဦးဖြစ်သည်။
“ကျွန်တော် ရှီကျင်းပင်နဲ့ သိတာ ကြာပါပြီ။ မိတ်ဆွေကောင်း၊ နိုင်ငံရေးသမားကောင်းတွေအနေနဲ့ ကမ္ဘာ့အရေးတွေကို ဖြေရှင်းရာမှာ တူညီတဲ့အမြင်တွေရှိခဲ့ပြီး နီးစပ်တဲ့ ဆက်ဆံရေးကိုလည်း အမြဲတမ်း ထိန်းသိမ်းထားပါတယ်” ဟု ပူူတင်က ပြောကြားခဲ့သည်။
မကြာသေးမီက ရုရှားသည် ယူကရိန်းနယ်စပ်တွင် စစ်သားအင်အားတစ်သိန်းခန့် ဖြန့်ကြက်ချထားခဲ့သဖြင့် ပူတင်သည် ယူကရိန်းကို ကျူးကျော်ရန်ပြင်ဆင်နေသည်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့ပြီး တင်းမာမှုများ မြင့်တက်ခဲ့သည်။ ရုရှားကမူ အနောက်နိုင်ငံများ၏ စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။














