မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာနိုလန်ဟေဇာတို့ အွန်လိုင်းမှတွေ့ဆုံ

မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာနိုလန်ဟေဇာတို့ အွန်လိုင်းမှတွေ့ဆုံ
Published 14 January 2022
■ Ref: Khmer Times

ဇန်နဝါရီ ၁၃ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ဒေါက်တာနိုလန်ဟေဇာတို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးစဉ်

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင် ရာအထူးသံတမန် ဒေါက်တာနိုလန်ဟေဇာတို့ အွန်လိုင်းမှတွေ့ဆုံခဲ့ကြောင်း Khmer Times သတင်းစာက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသာ ပဋိပက္ခ နှင့် အကြမ်းဖက်မှုတို့ကို အရှိန်လျှော့ချရာ တွင် အာဆီယံက အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် မြန်မာနိုင်ငံအတွက် ပဋိပက္ခဖြေရှင်းရာတွင် အာဆီယံဥက္ကဋ္ဌနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားလိုသည်ဟုအ ထူးသံတမန်က ထုတ်ဖော်ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗီဒီယိုကွန်ဖရန့်ပြု လုပ်ရာတွင် အထူးသံတမန်က အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် အထူးသံတမန် ဟေဇာက ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းယူခဲ့သည့်အတွက် ဝန် ကြီးချုပ် ဟွန်ဆန်ကို ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု အစိုးရအဖွဲ့၏ဝန်ကြီးကောင်ကင်ဟွန်းက ပြောကြားခဲ့သည်။

ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာတွင် ဒေသဆိုင်ရာကြိုးပမ်းအားထုတ်မှုများ အားကောင်းစေရေးအတွက် အကူအညီပေးရန် အဆင်သင့်ရှိကြောင်း ဒေါက်တာဟေဇာက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း အထူးသံ တမန်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒ ရှိနေသည်ဟုပြောကြားခဲ့ပြီး ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်အဖြစ် ဒေါက်တာဟေဇာ ခန့်အပ်ခံရ သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြား ခဲ့သည်။

ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့်  ၎င်းင်း၏ခရီးစဉ်အကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံခရီးစဉ်မှာ အာဆီ ယံပဋိညာဉ်နှင့် ဘုံသဘောတူညီချက် ငါးရပ် တို့မှ လမ်းလွဲမသွားရန် အရေးကြီးသော ခရီး စဉ်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့သွားခဲ့သည့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုပြီးဆုံးစေရေး နှင့် မြန်မာပြည်သူများကို လူသားချင်းစာနာ မှုဆိုင်ရာအကူအညီပေးရန် နောက်တစ်ဆင့် ဖြစ်သည့် အပစ်ရပ်စဲမှု ထမြောက်အောင်မြင် ရေးတို့အတွက် နည်းလမ်းရှာရန်ဖြစ်သည်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်မှာ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက် တွင် လာရောက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent