၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် ၃၃ ဘီလျံကျော် ဆုံးရှုံးကာ ရန်ကုန်တိုင်းတွင် အကြိမ်ရေ ၃၁၀ ဖြင့် အများဆုံးဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်တွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့၌ မီးလောင်မှု ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ် ၃၃ ဘီလျံကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်ဟု ပါရှိသည်။
ယင်းကဲ့သို့ ငွေကြေးများ ဆုံးရှုံးခဲ့သည့် မီးလောင်မှုဖြစ်စဉ်များမှာ ကချင်ပြည်နယ်၌ ၈၁ ကြိမ်၊ ကယားပြည်နယ်တွင် ၁၉ ကြိမ်၊ က ရင်ပြည်နယ်တွင် ၃၃ ကြိမ်၊ ချင်းပြည်နယ် တွင် ၃၈ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၀၁ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၅ ကြိမ်၊ နေပြည်တော်တွင် ၇၁ ကြိမ်၊ ပဲခူး တိုင်းဒေသကြီးတွင် ၁၉၄ ကြိမ်၊ မကွေးတိုင်း ဒေသကြီးတွင် အကြိမ် ၂၁၀၊ မန္တလေးတိုင်း ဒေသကြီးတွင် ၂၄၅ ကြိမ်၊ မွန်ပြည်နယ်တွင် ၁၃၂ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ်၊ ရန် ကုန်တိုင်းဒေသကြီးတွင် အကြိမ် ၃၁၀၊ ရှမ်း ပြည်နယ်တွင် ၁၇၃ ကြိမ်၊ ဧရာဝတီတိုင်းဒေ သကြီးတွင် ၁၄၂ ကြိမ်ဖြင့် စုစုပေါင်း ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀၅ ဦး သေဆုံး၍ ၁၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်တွင်လည်း နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၅ ဦး သေဆုံး၍ ဦးရေ ၂၂၀ ဒဏ်ရာရရှိကာ ကျပ် ခြောက်ဘီလျံကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။















