လိဂ်ဖလား ဆီမီးဖိုင်နယ် (ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား ဆီမီးဖိုင်နယ် (ပထမအကျော့) ပွဲကြိုသုံးသပ်ချက်
Published 13 January 2022

လီဗာပူးလ် နှင့် အာဆင်နယ် (ကြာသပတေး ည ၂:၁၅ နာရီ)

ပထမအကျော့ကို အီမရိတ်စ်ကွင်းမှာ ကစားဖို့စီစဉ်ပေမဲ့ COVID-19 ပြဿနာတွေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရလို့ အန်ဖီးလ်ပွဲစဉ်က ပထမအကျော့ ဖြစ်လာခဲ့တာပါ။ မန်စီးတီးကိုတောင် ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းနဲ့ အာဆင်နယ်အသင်းသာ လူစုံထုတ်ရင် လီဗာပူးလ်အသင်း မလွယ်လောက်ဘူး။ လီဗာပူးလ်အသင်းမှာတော့ ဆာလာ၊ မာနေ၊ ကီတာတို့ကို အာဖရိကနိုင်ငံများဖလားပွဲဆီ စေလွှတ်လိုက်ရပြီဖြစ်ပြီး နည်းပြ ယာဂန်ကလော့ပ်အနေနဲ့ သူ့လက်ထက် လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်ကို တတိယအကြိမ်မြောက် တက်လှမ်းလာပေမဲ့ လူစုံထုတ်ဖို့ သိပ်မဖြစ်နိုင်လောက်ဘူး။ ယုံကြည်မှုမြင့်တက်နေတဲ့ အာဆင်နယ်အသင်းကြောင့် လီဗာပူးလ်အသင်း ရုန်းကန်ရဖို့ရှိပေမဲ့ အနိမ့်ဆုံးတော့ သရေကစားဦးမယ်ထင်တယ်။

- လိဂ်ဖလားသမိုင်းတစ်လျှောက် (၁၆)ကြိမ် တွေ့ဆုံခဲ့ပြီး နှစ်သင်းစလုံး (၅)ပွဲစီအနိုင်ရကာ (၆)ပွဲသရေကျခဲ့သည်။

- အာဆင်နယ်နှင့် လီဗာပူးလ်မှာ လိဂ်ဖလားတွင် (၃)ရာသီဆက်တိုက် တွေ့ဆုံခြင်းဖြစ်သည်။

Most Read

Most Recent