၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းလေးခုမှ ကုန်သွယ်မှု ဒေါ်လာ ၃၄၅ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် နယ်စပ်ကုန်သွယ်မှု လေးဆလျော့ကျ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းလေးခုမှ ကုန်သွယ်မှု ဒေါ်လာ ၃၄၅ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် နယ်စပ်ကုန်သွယ်မှု လေးဆလျော့ကျ
မူဆယ်မြို့နယ် ကျင်ဆန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်စမ်းသပ်ဖွင့်လှစ်ခဲ့မှုကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
မူဆယ်မြို့နယ် ကျင်ဆန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်စမ်းသပ်ဖွင့်လှစ်ခဲ့မှုကို နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
Published 12 January 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းလေးခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄၅ သန်းကျော်သာရှိပြီး  ယခင်နှစ်ကာလတူထက် နယ်စပ်ကုန်သွယ်မှုလေးဆ လျော့ကျလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာလကုန်အထိ သုံးလအတွင်း  မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းလေးခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄၅ ဒသမ ၃၃၇ သန်းရရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူက ဒေါ်လာ ၁၇၄၇ ဒသမ ၄၁၉ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်းမှာ ယခင်နှစ်ကာလတူထက်  ဒေါ်လာ ၁၄၀၂ ဒသမ ၀၈၂ သန်း လျော့ကျနေသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာလကုန်အထိ သုံးလအတွင်း မူဆယ်နယ်စပ်မှ ကုန်သွယ်မှုဒေါ်လာ ၃၂၁ ဒသမ ၇၇၇ သန်း၊ လွယ်ဂျယ်နယ်စပ်မှ ၀ ဒသမ ၀၀၅ သန်း၊ ချင်းရွှေဟော်နယ်စပ်မှ ၁၅ ဒသမ ၃၉၈ သန်း၊ ကန်ပိုက်တီးနယ်စပ်မှ ဒေါ်လာ ၈ ဒသမ ၁၅၇ သန်းရှိခဲ့သည်။

ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်မှ ဒေါ်လာ ၁၃၈၂ ဒသမ ၉၂၈ သန်း၊ လွယ်ဂျယ်နယ်စပ်မှဒေါ်လာ ၇၃ ဒသမ ၅၅၈ သန်း၊ ချင်းရွှေဟော်နယ်စပ်မှ ၁၆၀ ဒသမ ၄၉၁ သန်း၊ ကန်ပိုက်တီးနယ်စပ်မှ ဒေါ်လာ  ၁၃၀ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် မူဆယ်မှ ဒေါ်လာ ၁၀၆၁ ဒသမ ၁၅၁ သန်း၊ လွယ်ဂျယ်နယ်စပ်မှ ဒေါ်လာ ၇၃ ဒသမ ၅၅၃ သန်း၊ ချင်းရွှေဟော်နယ်စပ်မှ ဒေါ်လာ ၁၄၅ ဒသမ ၀၉၃ သန်း၊ ကန်ပိုက်တီးနယ်စပ်မှ ဒေါ်လာ၁၂၂ ဒသမ ၂၈၅ သန်းလျော့ကျခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု ကဏ္ဍနှစ်ခုလုံး လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၆၉၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၇ ဒသမ၂၃၉ ဘီလျံသာရှိသည်။ ယခင်နှစ်ကာလတူတွင် ပြည်ပကုန်သွယ်ပမာဏ ဒေါ်လာ ၇ ဒသမ ၉၃၂ ဘီလျံအထိရှိသည်။

လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်းကုန်သွယ်မှုဆောင်ရွက်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၆၉၃ ဒသမ ၄၈၁ သန်းလျော့ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၃ ဒသမ ၇၀၅ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ဒေါ်လာ ၃၁၈ သန်းကျော် လျော့ကျခဲ့သည်။

သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၃ ဒသမ ၅၃၃ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုပမာဏ ဒေါ်လာ၃၇၄သန်း ကျော်လျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

Most Read

Most Recent