နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၂ ဒသမ ၇၇ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒုတိယမြောက် အများဆုံးကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ ရေနံနှင့် ဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဒသမ ၇၇၃ ဘီလျံကျော် ဝင်ရောက်ထားသည်။
မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ ဒေါ်လာ ၁၃၈၁၅ ဒသမ ၃၇၅ သန်း၊ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂၄၇ ဒသမ ၆၉၇ သန်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၃၀၉ ဒသမ ၂၀၀ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခြင်းမရှိပေ။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၂၂၀ ဒသမ ၃၀၆ သန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၁၇ ဒသမ ၇၉၀ သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခဲ့ခြင်းမရှိပေ။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ဒေါ်လာ ၁၀ ဒသမ ၂၀၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၃၅၂ ဒသမ ၈၂၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းက ဝင်ရောက်ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂၇၇၃ ဒသမ ၃၉၂ သန်း (၂၂ ဒသမ ၇၇ ဘီလျံကျော်) အထိ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှ မဂ္ဂါဝပ် ၉၀၀ နှင့် ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာခိုင်နှုန်း၊ ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်း ထုတ်လုပ်ထားသည်။
နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။










